Professional Authors

ကိုယ်ပိုင်အမှတ်001

အကန့်အသတ်တွေကို ဘောင်ချဲ့ ပစ်ဖို့ရာ
ငါနဲ့ ငါ့အတ္တ ညီမျှခြင်းထိုးချလိုက်တယ်
လျှံကျလာတဲ့ ယိုဖိတ်မှုထဲ
ပျော်ပျော်ပါးပါးကြီး ပက်လက်မျောကြစို့
ကော်ဖီသောက်မလား
ဟာသကားကြည့်မလား
နှစ်ခုစလုံးလည်း ရတယ်
ဘရိုးဒါး ဘရိုးဒါး ဘန် ဘန်း
ကံကြမ္မာဖုန်းသံ
ဒီကဗျာ ဒီနေရာမှာ ရပ်ရင် သိန်းနှစ်ဆယ် ပေးမယ်
မရပ်နိုင်ပါဘူးဗျာ
မတူမတန် ပကာသနဖောင်းပွမှုနဲ့
ရွက်ကြမ်းရေကျို ဖြစ်တည်မှုအပိုင်းအစများ
ပြောစရာမရှိပါဘူး ကိုယ့်အထာနဲ့ကိုယ်
အိုး မင်းကဘာပြောချင်နေတာတုန်း
ဘရိုးဒါး ဘရိုးဒါး ဘန် ဘန်း
ကံကြမ္မာဖုန်းသံ ၀င်လာပြန်တယ်
ဒီကဗျာ ဒီနေရာမှာ ရပ်ရင် သိန်းလေးဆယ်ပေးမယ်
NO WAY!
ငြင်းပယ်ခြင်းရဲ့ အလှ
ရှာကီရာ တင်ပါးအလှုပ်
ပြတ်ကျသွားသော စိတ် စေတသိတ်များ
အရိပ်နေနေ အခက်ချိုးချိုးတွေ များတယ်ဆိုတဲ့အကြောင်း
ညီမလေးရာ အချစ်ဆိုတာကလည်း
ဘရိုးဒါး ဘရိုးဒါး ဘန် ဘန်း
ကဲကွာ…….’ခွမ်း’
အခု အနှောက်အယှက်မရှိတော့ဘူး
ဒီတော့ အစကနေ အေးအေးဆေးဆေးပြန်ဖတ်။

In: ကဗျာ Posted By: Date: Aug 13, 2010
Comment #1

သေသေချာချာ အစကနေ ပြန် ဖတ်သွားပါတယ်…။
အဲ့ဒီမှာ သွားတွေ့တယ်..။
ကော်ဖီတွေ ဘာလို့ ခါးတာလဲ ဆိုတဲ့အကြောင်း…
ပေါက်ကွဲမှုတွေတစ်ချို့ အကြောင်း….
သနစ်အမှန် ဝေခွဲရန်မဖြစ်တဲ့ အရာတွေအတွက်
ပေးလိုက်ရတဲ့ အချိန်တွေအကြောင်း…. ပေါ့..း)

commentinfo By: John Moe Eain at Aug 13, 2010
Comment #2

ရေးထားတဲ့ theme ကြိုက်တယ်ဗျာ။ အဆုံးသတ်ထားတာလေးလဲလှတယ်။ အားပေးနေတယ်ဗျိုး …

commentinfo By: သက်ထွေး at Aug 15, 2010
Comment #3

ကြိုက်တယ်ဗျာ

commentinfo By: anatyong at Aug 26, 2010
Comment #4

အားပေးနေပါတယ်…ဦးလေး…
ကျွန်တော်..ဦးလေးမရှိ..မသိလည်း..အားပေးနေဦးမှာပါပဲ…
……………………………………………………………….

commentinfo By: အသဲကွဲမိုး at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment