Professional Authors

ဇတ်

ကဲ..ဗိန်းမောင်းမတီးပဲ ထွက်လာပြီ
ဇာတ်ဆရာရေ ဆွဲလိုက်စမ်း..ခပ်သော့သော့
ဟိုက်… ငါသိထားတဲ့ ဇတ်ထုပ်မဟုတ်ဘူး
အထာမညက်ပေမယ့် အသာဆက်ကနေလိုက်စမ်း
အလွမ်းခန်းတွေပြီးရင် အကြမ်းခန်းတွေဆက်လာဦးမတဲ့
ဘုရား..ဘုရား
ခု..သိပ်ကောင်းလွန်းနေပြီဆိုပဲ ဇတ်က
မျက်ရည်သုတ်သူတွေ လက်သီးလက်မောင်းတန်း
ဇတ်ရှိန်တက်ကုန်တာလား လက်ကျန်အရှိန်မကုန်လို့ထအော်ကုန်တာလား
လူသားတွေ မျက်ရည်ဝဲမ၀ဲတော့မသိဘူး
နှုတ်ခမ်းသားမှာတော့ တူတူတန်တန် စကားလုံးများခိုတွယ်ဆဲပဲ ။  ။

In: ကဗျာ Posted By: Date: May 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment