Professional Authors

အမုန်းများနဲ့ဖျားယောင်းထားသောအချစ်

သွေးအေးရက်စက်တတ်တဲ့ လူတွေရဲ့
ရင်ထဲမှာ ဖုံးဝှက်ထားတဲ့
တိတ်တခိုးဒဏ်ရာတွေရှိမလားလို့…တွေးမိတယ်။

ငါ့အတွက်တော့…အမုန်းဆိုတာ
မီးလျှံတစ်ခုလိုဆိုရင်တောင်မှ
အဲ့ဒီပူလောင်မှုတွေနဲ့ …ကိုယ့်ကိုကိုယ်
နွေးထွေးအသက်ရှင်ခဲ့ရတာပါ။

မင်းကိုမုန်းမိချိန်တွေမှာ
ငါ့လက်ကောက်ဝတ်က သွေးတွေက
ရီဝေနာကျင် စွဲလမ်းရပ်တံ့မရဘဲ
ကိုယ်ပိုင်မူးယစ်ဆေးတွေလိုပဲ။

နှင်းဆီပန်းတသန်းနဲ့တောင်
ပေးဆပ်လို့မရတဲ့ပျက်ကွက်မူတွေ
တောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့တင်
ခြေဖျက်မရတဲ့မှားယွင်းမှုတွေ
…………………………………….
…………………..
…………
……
နောက်ဆုံးမှာ
နာကျင်ခံစားမုန်းတီးနေချင်းသာ
ငါရင်ထဲ့မှာမင်းရှင်သန်ဖို့
တခုတည်းသောနည်းလမ်းဖြစ်တယ်။

In: ကဗျာ Posted By: Date: Aug 11, 2010
Comment #1

good tel

commentinfo By: songmoezin at Aug 11, 2010
Comment #2

so good

commentinfo By: may at Aug 12, 2010
Comment #3

ခံစားချက်နဲ့ရေးတာဆိုရင်လေ ၀မ်းမနည်းပါနဲ့ ။ ရတုလဲ ခုချိန်မှာ ကဗျာထဲကလိုပဲ ခံစားနေရပါတယ်။
အဖော်ရှိပါတယ် ။ နာကျင်ရတာတွေ ပေါ်လွင်နေသလိုပဲ . ကဗျာထဲမှာလေ ။

commentinfo By: yatu at Aug 12, 2010
Comment #4

hote kae yatu~~thx for comment naw.. 🙂

commentinfo By: 13floor at Aug 12, 2010
Comment #5

နာကျင်ခံစားမုန်းတီးနေချင်းသာ
ငါရင်ထဲ့မှာမင်းရှင်သန်ဖို့
တခုတည်းသောနည်းလမ်းဖြစ်တယ်။

ေ၇းထားတာ ပြတ်သားတယ်ဗျာ ကြိုက်တယ်

commentinfo By: MyoZin at Jul 3, 2011
Comment #6

နှင်းဆီပန်းတသန်းနဲ့တောင်
ပေးဆပ်လို့မရတဲ့ပျက်ကွက်မူတွေ
တောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့တင်
ခြေဖျက်မရတဲ့မှားယွင်းမှုတွေ
…………………………………….
…………………..
…………
……
နောက်ဆုံးမှာ
နာကျင်ခံစားမုန်းတီးနေချင်းသာ
ငါရင်ထဲ့မှာမင်းရှင်သန်ဖို့
တခုတည်းသောနည်းလမ်းဖြစ်တယ်။
……………………………………
Like this poem

commentinfo By: အသဲကွဲမိုး at Apr 17, 2012
Comment #7

ငါ့အတွက်တော့…အမုန်းဆိုတာ
မီးလျှံတစ်ခုလိုဆိုရင်တောင်မှ
အဲ့ဒီပူလောင်မှုတွေနဲ့ …ကိုယ့်ကိုကိုယ်
နွေးထွေးအသက်ရှင်ခဲ့ရတာပါ။

commentinfo By: ရနံ့ at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment