Professional Authors

ကျွန်ေ်တ်ာမသိတဲ့ ခေါင်းစဉ်အောက်မှာ . . . .

သူမ ဟာ
ကျွန်တော် သွားပွတ်တံ တစ်ချောင်း ဖြစ်ချင်လောက်အောင်ထိ
တန်ခိုးရှိတယ်
ဒါဆို . . . .
မနက် အိပ်ရာနိုး
မျက်စိ နှစ်လုံးပွင့်တာနဲ့
သူမ နဲ့ ကျွန်တော် ပထမဦးဆုံးတွေ့နိုင်မယ် . . . .
နေ့စဉ်တိုင်း ပေါ့ . . . .

သူမ ဟာ
ကျွန်တော့်ရဲ့ ရိုးစင်းတဲ့ နေ့စဉ်နေထိုင်မှု ကို
ဆန်းပြားစွာ ခံစားစေသူ လည်းဖြစ်တယ်
ဘာကြောင့်လဲဆို
ဘာကိုမှန်း ကျွန်တော် မသိခဲ့ . . . .

သူမ ဟာ
ရုပ်မြင်သံကြားက လာတဲ့
သင့်အတွက်မနက်ဖြန် အစီအစဉ် လိုပဲ
တစ်နေ့တစ်မျိုး မရိုးရအောင်
စိတ်လှုပ်ရှားမှု ပေးနိုင်သူ ဖြစ်တယ် . . . .
မနက်ဖြန်ရောက်လေ
ဘာဖြစ်မလဲဆိုတာ သိချင်လေပဲ . . . .

သူမ ဟာ
မပြောပလောက်တဲ့ စကားလုံးကိုတောင်
နားထောင် ကောင်းအောင် ပြောတတ်သူဖြစ်တယ်
နားထောင် ကောင်းတဲ့ အသံ
သူမ ပိုင်ဆိုင်တယ် . . . .

သူမ ဟာ
လူသိနည်းတဲ့ သံစဉ်တွေအတွက်
ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ပရိသတ်လည်း ဖြစ်တယ် . . . .
ကျွန်တော်လည်း
သူမ ရဲ့ တစ်ပုဒ်တည်းသော သီချင်းအတွက်
ထာဝရ ပရိသတ် ဖြစ်တယ် . . . .

သူမ ဟာ
ကျွန်တော့်ရဲ့ ကွက်စိပ် ဆရာလည်း ဖြစ်တယ် . . . .
နှုတ်ခမ်းတွေ ဆွံ့အသွားတဲ့အထိ
အကြောင်းအရာ ဟာ စိတ်ဝင်စားစရာ ကောင်းလွန်းခဲ့တယ်
တစ်ကယ်တမ်းပြောရမယ်ဆို
တတ်လည်းတတ်နိုင်တယ်ဆိုတဲ့ စကားလုံးနဲ့တောင် မလုံလောက်ဘူး . . . .

သူမ ဟာ
အာကာသ ကိုမရောက်ဖူးပါဘူး
ဒါပေမဲ့
ကျွန်တော့်ကိုတော့
လေဟာနယ် ထဲ ခဏခဏ ခေါ်ဆောင်သွားတတ်သူဖြစ်တယ် . . . .

သူမ ဟာ
ဗန်ဂိုး ရဲ့ နေကြာပန်းလို
လူကို ဦးနှောက်သုံးစေတတ်သူလည်း ဖြစ်တယ် . . . .

သူမ ဟာ
ကိုဒ ဥပဒေလို သာဆို
ကျွန်တော့်ဆီ
အလွမ်း နဲ့ သတိရခြင်းတွေ
များစွာ အလျော်ပေးရ မယ့်သူ ဖြစ်တယ် . . . .

သူမ ဟာ
ဝေမှူးသွင်ရဲ့ ကဗျာထဲကလို
ကျွန်တော့်ကို Queen ဖဲချပ်တွေ ပျောက်စေသူဖြစ်တယ် . . . .

သူမ ဟာ
အရာရာတိုင်းအတွက်
အချိန်တိုင်းအတွက်
ကျွန်တော် အခုထိတိုင် နားမလည်သေးတဲ့
မြတ်နိုးရသော ကဗျာတစ်ပုဒ်လည်း ဖြစ်တယ် . . . . ။ ။

In: ကဗျာ Posted By: Date: May 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment