Professional Authors

e-lovers!

သူက web-designer
ကိုယ်က e-learner
online ပေါ်မှာ တွေ့ခဲ့ကြတယ်လေ…
internet ဆိုတာကို စ သုံးခါစ
သူနဲ့တွေ့ခဲ့တာဆိုတော့
သံယောဇဉ်တော့ ပိုမိခဲ့သား…
အချိန်ကြာလာတော့
မမြင်နိုင်တဲ့ e-လှိုင်းတွေနဲ့အတူ
မမြင်နိုင်တဲ့ ကြိုးတွေက ရစ်ပတ်လာခဲ့တယ်…
ရုန်းထွက်ဖို့ ခက်တဲ့အချိန်ကြမှ
သံသယ အတွေးတွေနဲ့အတူ
connection ပြတ်တောက်စေမယ့် မုန်တိုင်းကြီးက
ဝင်လာခဲ့လေတော့…
e-lover ရယ်
အခုတော့လေ ငါတစ်ယောက်တည်း
ယောင်ချာချာနဲ့ e-learner ဆက်ဖြစ်နေချိန်မှာ
web-designer က offline ဖြစ်နေပါပေါ့လား…
ဖြစ်နိုင်ရင်လေ
online မှာ အစိမ်းရောင် မပြချင်ရင်တောင်မှာ
busy ဖြစ်ဖြစ်…
idle ဖြစ်ဖြစ်…
တက်လာစမ်းစေချင်သေးတယ်
မတွေ့တာကြာတော့ လွမ်းနေမိတယ်…

In: ကဗျာ Posted By: Date: Aug 11, 2010
Comment #1

ကောင်းပါတယ်

commentinfo By: angel at Aug 11, 2010
Comment #2

မိုက်ပါ D::::::::

commentinfo By: minkhantsoe at Oct 4, 2010
Comment #3

kwi,,kwi,,,
mike de kwar

commentinfo By: ei lay at Jan 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment