Professional Authors

ဘ၀အကြောင်းများ…

 

ဘ၀အကြောင်းများ…

 

ရှေ့ မှာ…

လမ်းမကျယ်ကြီး ရှိနေလဲ

ငါလျှောက်သွားဖို့တော့

သံဆူးအထပ်ထပ် ချထား

တကိုယ်စာ မ၀င်နိုင်လောက်အောင်

ပိတ်ဆို့ ကျဉ်းကျပ်နေခဲ့…

 

 

နောက်ပြန်ပြေးတော့လဲ

နာကျင်ခြင်း ကြိုးတွေက

ငါ့တကိုယ်လုံး ရစ်ပတ်

ခပ်ရဲ့ ရဲ့ အသက်က

ဖြည်ချ ရုန်းထွက်ကြံတော့

ရုန်းလေ တင်းလေ

အသက်ရှုဖို့တောင် ခက်ခဲ…

 

 

ဘေးတစ်ဖက်မှာလဲ

မုန်းတီးခြင်း အရိပ်တွေက

ထပ်ကြပ်မကွာ ကပ်ပါလာ

ဒီလိုနဲ့ပဲ…

အမှတ်အတေး မထားတာမဟုတ်လဲ

အမှတ်မရှိတတ်တဲ့ ရင်ဘတ်နဲ့

အတိတ်မှန်သမျှကို ပြန်ပြန်တ…

 

 

ကျန်တစ်ဖက်ကို ထွက်ပေါက်ထင်ပြန်လဲ

ငါ့အသဲကို ထုတ်ယူ

တန်ရာတန်ဖိုး မပေးဘဲ

အစိမ်းလိုက် မျိုချမယ့်

ထိတ်လန့်စက်ဆုပ်ဖွယ်

သတ္တ၀ါတစ်ကောင်ဆီ သွားရာလမ်းတဲ့။

 

သြော်…ဘ၀အကြောင်းများ….

 

ရွှေညီမလေး


 

In: ကဗျာ Posted By: Date: Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment