Professional Authors

please

အရာရာကို
ခြေရာပြန်ကောက်ကြည့်တော့
အိပ်မက် ပြိုကျစေသူက .. ငါလား
အတိတ်မှာပဲ
လည်နေတဲ့ အရိပ်တွေကလည်း
အမြဲလိုလို နှိပ်စက်နေတုန်း …
မခေါ်ချင်ခဲ့တာ
မဟုတ်ပါဘူး …
မလာချင်တဲ့လူကို
မခေါ်ရက်ခဲ့တာပါ ..
မင်း
ငါ့ နှလုံးသားကို
စာနာတတ်ဖို့ဆိုရင်
ငါကိုယ်တိုင်
ပွင့်လင်းတတ်ဖို့ လိုမှန်း
အခုမှ
ငါ နားလည်မိတာ
နောက်ကျပေမဲ့
ချစ်ခြင်းတွေ သွေဖည်မပစ်ပါနှင့်
နားမလည်တတ်ခဲ့တဲ့ ငါ့ကို
ကျေးဇူးပြုပြီး
နားလည်ပေးပါ …

In: ကဗျာ Posted By: Date: Aug 3, 2012
Comment #1

yes,
yes,
yes,

commentinfo By: ei lay at Aug 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment