Professional Authors

“အိပ်မက်ထဲမှာ ငိုတဲ့ မ ”

အာရုံထဲမှာ…
ရှိုက်သံတွေ လေပြည်နဲ့ရောယှက်နေတယ်…
မပြောရက်ပါကွယ်…
မငိုပါနဲ့ မ ရယ်…
တိတ်တော့…လို့…။…
ဒါပေမဲ့ ဖုန်းသံထဲက ရှိုက်သံကို
ကိုင်ဆုပ်ခွင့်မရနိုင်တဲ့ အခွင့်မို့ …
မျက်ရည်စုပ်စက် …
ကျွန်တော့်လက်တစ်ဖက်ဟာ
ဆန္ဒကို ကြိတ်မျိုသိပ်ထားလိုက်တယ်…။..
……………………..
လွမ်းလိုက်ရတာ …
လပေါင်းဘယ်နှသုတ်က
လေပြည်တွေနဲ့ ကျွန်တော့်ကို …
ဖုန်းသံတွေထဲ နစ်မြုပ်စေလည်း
ကျွန်တော်တိုင်က ဖုန်းသံ၊
အင်တာနက်ထဲက ချတ်တင်းစာလေးတွေနဲ့ပဲ …
ချွေးသိပ်ခံနေရသူမို့ …
အချိန်ထိ အိပ်မက်တွေ
အကျဉ်းချခံထားရလျက်သာ …
……………………………..
ဘောပင်ကို အဝေးလွင့်ပစ်လိုက်တယ်…
ကဗျာဆိုတာ မရှိရတော့ဘူး …လို့
ဘဝမှာ ဆုံးဖြတ်လိုက်တယ်…
အဲဒီလိုပဲ ရင်ခုန်သံတွေဆိုတာ
လွမ်းဖို့မဟုတ် ကစားဖို့ ပျော်ဖို့
ဆိုပြီးတော့လည်း ဆုံးဖြတ်လိုက်တယ်…
အိပ်မက်တစ်ခုကိုး …
ငြင်းဆန်ဖို့ အသိစိတ်တွေမဲ့ဆိုတော့ …
……………………………
မ ရယ် ဘာဖြစ်လို့ …
မ ဆီတွယ်ကပ်နေတဲ့ အိပ်မက်တွေထဲမှာများ
ရှိုက်ကြီးတငင်ငိုရတာလဲ …
မ ကြောင့် …
ကဗျာတစ်ပုဒ်တော့ …
အိပ်မက်တွေနဲ့ အတူ…
ပျံသန်းသွားတဲ့ စိတ်တွေကို လှမ်းကြည့်ရင်း…
ငုတ်တုတ်ထိုင်ပြီး …
ငူတူတူ ငိုင်တိုင်မျက်နှာထားတွေနဲ့
ပါးစပ်ကတော့ လက်ရှိအဖြစ်အပျက်နဲ့
ဘာမှမဆိုင်ဘဲ ပွစိပွစိနဲ့ မသဲမကွဲ
စကားလုံးတွေကို ထုခွင်း၊
အသက်သွင်းနေတော့တာပါပဲ …

In: ကဗျာ Posted By: Date: May 13, 2010
Comment #1

ကောင်းတယ် ဗျာ… အားပေးသွားတယ်
မ ရယ် ဘာဖြစ်လို့ …
မ ဆီတွယ်ကပ်နေတဲ့ အိပ်မက်တွေထဲမှာများ
ရှိုက်ကြီးတငင်ငိုရတာလဲ …
မ ကြောင့် …
ကဗျာတစ်ပုဒ်တော့ …
အိပ်မက်တွေနဲ့ အတူ…
ပျံသန်းသွားတဲ့ စိတ်တွေကို လှမ်းကြည့်ရင်း…
ငုတ်တုတ်ထိုင်ပြီး …
ငူတူတူ ငိုင်တိုင်မျက်နှာထားတွေနဲ့
ပါးစပ်ကတော့ လက်ရှိအဖြစ်အပျက်နဲ့
ဘာမှမဆိုင်ဘဲ ပွစိပွစိနဲ့ မသဲမကွဲ
စကားလုံးတွေကို ထုခွင်း၊
အသက်သွင်းနေတော့တာပါပဲ …

commentinfo By: genius.jinx28 at Jan 2, 2011
Comment #2

:'(
:'(
:'(

commentinfo By: ei lay at Oct 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment