Professional Authors

အရာရာ

သမုဒ္ဒရာကြီးက
အပြောကျယ်ပြီး ကြီးမားတယ်ဆိုပေမဲ့
ရေမှုန်စုတွေနဲ့သာ ဖွဲ့စည်းထားတာပါ….
ကောင်းကင်ကြီးက
ကျယ်ပြန့်ပြီး ခမ်းနားတယ်ဆိုပေမဲ့
တိမ်မှုန်စုတွေနဲ့သာ ဖွဲ့စည်းထားတာပါ…
တောင်တန်းကြီး
ကခန့်ထည်ပြီး မြင့်မားတယ်ဆိုပေမဲ့
မြေမှုန်စုတွေနဲ့သာ ဖွဲ့စည်းထားတာပါ…
အရာရာဟာ
ကြီးမားခမ်းနားမြင့်မားသယောင်
မြင်နေ၊ပြောနေ၊ကြားနေရပေမဲ့
ကိုယ့်ကိုကိုယ် ယုံကြည်မှုသာရှိစမ်းပါ…
သေချာတယ်…အဲ့ဒါတွေက ဘာမှ မပြောပလောက်ပါဘူး…
…………………………………
@လမင်းမေ (11-9-2013 (Wed) 11:51)
In: ကဗျာ Posted By: Date: Sep 11, 2013
Comment #1

that’s right.
nothing is impossible if we r eager.

commentinfo By: ei lay at Sep 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment