Professional Authors

ဥပက္ခာချစ်ခြင်းရဲ့ရင်တွင်းသံစဉ်

မလာနိုင်မှန်းသိရက်
မျှော်ခဲ့မိတာအကြိမ်ကြိမ်
မမြင်နိုင်မှန်းသိရက်
ရှာခဲ့မိတာအခါခါ
အိမ်မက်မှာ စွဲလမ်း
အသည်းထဲမှာ တမ်းတနေပေမဲ့
လွမ်းရတဲ့ ဒီရင်ကို
သူလေ မမြင်နိုင်ပါဘူး
မလွှဲသာ ဟန်ဆောင်အပြုံးနှင့်
ရှောင်ပုန်းခဲ့ရတဲ့ ကိုယ့်ကို
နာကျင်စွာ သူမုန်းစေတော့
ဆုံနိုင်ခွင့်မရှိတဲ့ အဝေးတစ်နေရာမှာ
သူ့အပြုံးတွေ မှန်းဆရင်း
လွမ်းရပေမဲ့……….
ဖြေသာနေမယ်ကွယ်

In: ကဗျာ Posted By: Date: Nov 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment