Professional Authors

မိုးရွာပြီး နောက်တစ်နေ့ 

မိုးရွာပြီး နောက်တစ်နေ့ 

ရွာသွန်းဖို့  ကျန်နေသေးတဲ့
ရောင်စဉ် အပိုင်းအစတွေရဲ့ 
မျှော်လင့်ချက်ပေးမှုကို
တစာစာ တောင့်တ ရင်း
နေ့ တစ်နေ့ ဟာ နေ့ တစ်နေ့ ထက်ပိုလာခဲ့

အသက်ကို ၀ အောင် ရှုရှိုက်ရင်း
လေထုထဲမှာ ပါလာမယ့်
ဗိုင်းရပ်စ်တွေရဲ့ အနာဂတ်ကို တွေးရင်း ပြုံးမိခဲတဲ့ နေ့ က
သက်တံတစ်စင်းဟာ
ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ရောဂါ အမောဖောက်နေခဲ့တယ်…။

                                                                                                မိုးအိမ်

In: ကဗျာ Posted By: Date: Aug 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment