အတောင်မဲ့ ပျံသန်းခြင်းတစ်ချို့ အကြောင်း
“အတောင်မဲ့ ပျံသန်းခြင်းတစ်ချို့ အကြောင်း”
တစ်ခဏလေးပါပဲ
မှတ်တမ်းတစ်ချို့တော့ ကျန်ခဲ့တယ်
စနစ်တကျ ပြုစုထားတဲ့အမှတ်တရများနဲ့
လျှော်ပစ်ဖို့ စာရင်းသွင်းထားတဲ့အချိန်များ
တစ်ခဏလေးအတွင်းမှာ ရှိတယ်….။
ခရီးလေးတစ်ထောက်တော့ ရောက်ခဲ့တယ်
လမ်းတစ်ချို့ ပျောက်ဆုံးခဲ့သလို
ပန်းတစ်ချို့ ကောက်သုံးခဲ့ပါတယ်
ဒါဟာ
ဗလာသက်သက် ကိုယ်ပိုင်နယ်မြေထဲ
သုညမိုင်ခြေအမှတ်နဲ့ ပျံသန်းခြင်းတစ်ချို့အကြောင်း
ဖြစ်ကောင်း ဖြစ်မယ်…။
(စကားချပ်။ ။ ထွေထွေထူးထူးတော့ မဟုတ်ပါဖူး…။ ဖြတ်သန်းခဲ့တဲ့ တစ်နှစ်ကျော်ကို မှတ်တမ်းတင်လိုက်တာ :P…။ နောင်နေ့ရက်တွေမှာ မတူညီတဲ့ ပတ်ဝန်းကျင်၊ ကွဲပြားတဲ့ နယ်ပယ်နဲ့ အသစ်အသစ်တွေကို ဖြတ်သန်းရပြန်ဦးမယ်ပေါ့…။ အဲ့လိုပါပဲ… တစ်ခါတစ်ခါ ဘ၀က မရိုးအီသွားအောင် စမ်းသပ်ကွင်း အသစ်အသစ်တွေဆီ ခေါ် ခေါ်သွားလေရဲ့….။ တကယ်တော့ ကိုယ်ပိုင်ခရီးတစ်ခုကို တစ်ကိုယ်တော် ရွက်လွင့်တဲ့အခါမှာ သုည မိုင်တိုင်တစ်ခုပဲ ရှိနေသေးလည်း ကျေနပ်စရာပါ…။ ဆိုလိုတာက အနည်းဆုံးတော့ ကိုယ် သုညကနေ လှမ်းထွက်နေကြောင်းတော့ ကိုယ့်ကိုယ်ကို သိထားရတာပေါ့ ..။ အချိန်တစ်ခုမှာ ဖြစ်လာမှာပေါ့လေ…။ အချိန်တစ်ခုဆိုတာက အတွင်းမှာ ပြန်မတွေးချင်တဲ့ နာကျင်စရာတွေရှိသလို ပျော်ရွှင်ရတာတွေရှိတတ်ပါတယ်…။ ဒီလိုပဲ အလုပ်ကရတဲ့အတွေ့အကြုံတစ်ချို့ကလည်း အထောက်အပံ့ပေးတဲ့အရာတွေရှိသလို ပြန်တွေးရင် ပြန်ရှုံးနိမ့်သလို ခံစားရတာတွေလည်း ရှိတတ်ပါရဲ့…။ တစ်ခါတစ်ခါတော့လည်း ကိုယ့်က ဒီခရီးအတွက် လိုတာတွေ ပြန်ခဲ့ရပေမယ့် တကယ်သွားကြည့်မှ ပြင်တာကတစ်လွဲ လျှောက်တာကတစ်လမ်း ဖြစ်တတ်ပါတယ်…။ ပန်းအသစ်တွေ ကောက်ပြီး ပန်ဆင်ရသလို ထွက်ဖို့ပြင်ဆင်ထားတဲ့လမ်းတွေလည်း ပျောက်ဆုံးတတ်တာက “ဘ၀” ဆိုတဲ့ ခရီးဖြစ်မယ်…။ 😀 ကဲ..! ဒီတော့ ကြိုးစားထားလို့ပဲ ကိုယ့်ကိုယ်ကို အားပေးရင်း 😛 😛 )

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
ဟဲဟဲအားပေပါနော် ညီမလည်ဝိုင်ပြီအားပေသွားပါတယ်အားတင်ထား