Professional Authors

အချစ်လွန်ဝေဒနာ(genius)

ကျွန်တော့် ရင်ထဲ
“မ” လှမ်းလာစဉ်
အပျော်တွေသာ
ရင်ဝယ်ပိုက်
ပြုံးရယ်ခဲ့တာ
ကျွန်တော် မှန်းဆနိုင်ပါတယ်။

ကျွန်တော့် ရင်က
“မ” ထွက်သွားစဉ်
အငိုတွေသာ
ရင်မှာပိုက်
အသက်မဲ့နေတာ
“မ” မှန်းဆကြည့်နိုင်ပါတယ်။

အခုတော့….
မိုးရွာရင်လဲ လွမ်းချင်သလိုလို
ကြယ်တွေမစုံရင်လဲ ငိုချင်သလိုလို
သစ်ရွက်ကြွေရင်လဲ ဆွေးချင်သလိုလို
(ဟုတ်မှာပါ)
အချစ်လွန်ဝေဒနာ
ခံစားရသူတွေကတော့
အရာရာ လွမ်းစရာတွေပဲဆိုတာ
“မ” တစ်ယောက်
မှန်းဆနိုင်ကောင်းပါရဲ့။

In: ကဗျာ Posted By: Date: Jun 11, 2011
Comment #1

မိုးရွာရင်လဲ လွမ်းချင်သလိုလို
ကြယ်တွေမစုံရင်လဲ ငိုချင်သလိုလို
သစ်ရွက်ကြွေရင်လဲ ဆွေးချင်သလိုလို
(ဟုတ်မှာပါ)
အချစ်လွန်ဝေဒနာ
ခံစားရသူတွေကတော့
အရာရာ လွမ်းစရာတွေပဲဆိုတာ
မင်းသိနိုင်ပါစေ။
ထိတယ်ဗျာစာသားလေးတွေက….
အားပေးသွားတယ်နော်….။

commentinfo By: yehtooaung at Jun 11, 2011
Comment #2

ကျေးဇူးတင်ပါတယ်….

commentinfo By: poem.poem28 at Jun 13, 2011
Comment #3

တော်တော်ခံစားနေရတယ်ထင်တယ်….။လွမ်းစရာကြီးနော်..။
့အားပေးသွားတယ်နော်….။.

commentinfo By: ချမ်းငြိမ်းအောင် at Jun 21, 2011
Comment #4

လွမ်းနေတဲ့သူအတွက်တော့အရာရာဟာ
လွမ်းစရာတွေပါပဲ..အားပေးခဲ့တယ်.။

commentinfo By: maypoe at Jul 5, 2011
Comment #5

hin,,,,
unhappy ending so yin kyike bu.

commentinfo By: eilay at Jul 25, 2011
Comment #6

inn…
now i can guess.

he,,he,,

commentinfo By: ei lay at Aug 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment