Professional Authors

အမှတ်တရနေ့စွဲ

အဲဒီနေ့ကပေါ့
သူရဲ့အပြုံးနဲ့
ခေါင်းတချက်အငြိမ့်
အသက်ရှူသံတွေတိတ်
ကမ္ဘာကြီးခဏရပ်သွားတယ် …

အဲဒီနေ့ကပေါ့
အဖြူရောင် ၀တ်လွှာနဲ့သူမကို
ဗီးနပ်စ် က ဂါရ၀ပြုတယ် …

အဲဒီနေ့ကပေါ့
ဝင်သက်ထွက်သက်တွေ
ကသောင်းကနင်း
ချစ်ခြင်းရဲ့ ကမ္ပလာ
ခြုံလွှာပါးပါးလေး …
ထွေးထွေးနှုတ်ခမ်းနဲ့အနမ်း
သြကာသလောကကြီး
အေးချမ်းခဲ့တယ် …

အဲဒီနေ့က
နတ်မြင်းပျံတွေ ပျော်မြူး
အိန်ဂျယ်တို့က
ဘုန်းတော်ချီးမွမ်းသီချင်းအား
သီကျူးခဲ့တယ် …

အဲဒီနေ့က
ပျောက်ဆုံး သွားတဲ့
နံရိုးလေးကို
ပြန်လည်တပ်ဆင် …
အသင်လောကအား
ရင်ကော့ပြီး ကြည့်ခဲ့တယ် …

အဲဒီနေ့က
ရှက်ပြုံးနဲ့သူ့စကား
သက်ဆုံးတိုင်ထား …  တဲ့
ခေါင်းငုံ့ကာ ခြေအလှမ်း
ရင်ခွင်ကို သူဝင်နမ်းတော့ကွယ် …
သံသရာ ဟိုတဖက်ကမ်းလည်း
လှမ်းချင်တော့ဘူးလေ…

ခင်မင်လေးစားလျက်
လေပြေ

In: ကဗျာ Posted By: Date: Jun 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment