Professional Authors

တကယ်၍ ဖြစ်နိုင်ခဲ့လျှင်

—ငါလေနင့်ကိုယ်အမြဲတမ်းပျော်ရွှင်စေချင်နေခဲ့မိတယ်

နင်ပျော်နိုင်ဖို့ ငါအမြဲတမ်း ဖြည့်ဆည်းပေးချင်ခဲ့မိတယ် …
နင်ပျော်ဖို့ အတွက်ဆိုရင် ငါဘာပဲလုပ်ပေးရ၊လုပ်ပေးရ
လုပ်ပေးချင်ခဲ့မိတယ် …

ငါနင့်ကိုယ်ချစ်တယ် … ဒါပေမယ့်မပိုင်ဆိုင်ချင်ဘူး
နင့်ရင်ဘတ်ထဲက စစ်မှန်တဲ့ချစ်ခြင်းတရားတစ်စုံကလွဲရင်
ကျန်တာတွေအကုန် ငါမတက်မက်ဘူး …
ဒါပေမယ့် ငါလိုချင်မိတယ် … နင့်ဆီမှာရှိနေသမျှ
ရင်ဘတ်ထဲက ခံစားရသမျှ
ချစ်ခြင်းတရား မှန်သမျှ ကို
ငါတစ်ဦးတည်းပိုင်ဖြစ်ချင်တယ် …

အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုရင်…
ငါပိုင်ဆိုင်သမျှ အရာတွေအားလုံးနဲ့ အတူတကွ
ငါ့အသက်ကိုပင် ထပ်တူတပ်မျှ
ပေးဆပ်ကာဖြည့်ဆည်းပေးချင်ပါတယ်ဟာ …

အချစ်ဆိုတာ … စွန့် လွှတ်ခြင်းဆိုရင်တောင်
ငါချစ်တဲ့ နင်တစ်ယောက်သာ ငါ့အနားမှာ
ရှိနေခဲ့ရင် … ငါ့ဘ၀ထဲအရာရာအားလုံးကို
ရဲဝင့်စွာနဲ့  ငါ စွန့် လွှတ်မိမှာ အမှန်ပဲ …

အချစ်ဆိုတာ .. ပိုင်ဆိုင်ခြင်းဖြစ်ပါစေဦး
ငါအလိုရှိစွာ အတောင့်တချင်ဆုံးမှာတစ်ခုလေးထဲပါဟာ
နင့်နှလုံးအိမ်ထဲက စစ်မှန်တဲ့
ချစ်ခြင်းမေတ္တာ တစ်စုံတစ်ရာအား
ငါမှ တစ်ပါး အခြားလူု မရ(ရ) ပါစေသား …
ငါသာအလိုချင်ဆုံးဖြစ်တယ် …

သို့ သော်ငြား
ကောင်မလေးရယ် …
ငါသည်သာ
ဘ၀သစ်တစ်ခု ၌ပြန်လည်ရှင်သန်အထမြောက်နိုင်လျှင်
ဖြစ်လေရာ ဘ၀တိုင်းမှာ
မင်းသမီးကို ချစ်လျှက်နဲ့ 
စောင့်စည်း၊ စောင့်ဆိုင်းကာ
အနားတော်နေ … အပါးတော်စေလို့ 
တိတ်တခိုးကျိတ်ပိုး ရတဲ့
အဖြည့်ခံ ဇာတ်ပို့ ၊ဇာတ်ရံ ဘ၀မှ
ဝေးရပါလို၏သား ……………………..…….

In: ကဗျာ Posted By: Date: Aug 3, 2010
Comment #1

ကြိုက်တယ်ဗျာ ကျွန်တော့်အဖြစ်နဲ့တိုက်ဆိုင်နေတယ်

commentinfo By: Gipsy Lay at Aug 3, 2010
Comment #2

အကိုလို. ကဗျာ တွေရင် ထဲက ထွက်လာတဲ. ကဗျာ တွေရေးတက်ချင်လိုက်တာ ဗျာ ကျွန်တော်ရင်ထဲမှာ အပြည်.ဘဲ မရေးတက်လို……….

commentinfo By: tunminthant at Aug 3, 2010
Comment #3

ဖတ်သွားပြီနော့…. အဲလိုခံစားချက်တွေပြင်းထန်နေမှန်း တစ်ခါမှမသိခဲ့ရပါလား…
ဒီဘ၀ရဲ့ ဇာတ်ပို့ဇာတ်ရံရယ်…

commentinfo By: sandi at Jun 27, 2011
Comment #4

oh,,,,,,,,,,
really nice,
really lovely.

commentinfo By: ei lay at May 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment