Professional Authors

မျှော်လင့်ခြင်း

ချစ်သူ မင်းထားခဲ့တဲ့ အမုန်းပန်းကို
ကိုယ်အပြုံးပန်းလို့ မှတ်ယူပြီး
ကျေနပ်စွာသိမ်းဆည်းထားမှာပါ
ချစ်သူ မင်းကကိုယ့်ရဲ့အချစ်ဦးမဟုတ်ခဲ့လည်း
အချစ်ဆုံးသူပါ
ကိုယ်မင်းကိုလွမ်းခဲ့ရသလောက်
ချစ်ခဲ့ရသလောက်
မျှော်လင့်ခဲ့ရသလောက်
မင်းသာကိုယ့်အပေါ်တုံ့ပြန်ပေးရင် ကိုယ်ကျေနပ်ပါပြီ
မင်းအချစ်ဟာကိုယ့်အတွက်အဆိပ်တစ်ခွက်ဖြစ်ခဲ့လည်း
ကိုယ်ဟာအအေးတစ်ခွက်လို့ မှတ်ယူပြီး
ကျေနပ်စွာသောက်သုံးဖို့အသင့်ပါ ချစ်သူ
ဒါပေမယ့် မင်းဟာကိုယ့်ကို
အဆိပ်တစ်ခွက်တောင် မတိုက်ခဲ့သူပါ ချစ်သူ
ကိုယ်ကျေနပ်ပါတယ်
မင်းကိုချစ်ခဲ့ရတဲ့အတွက်
ကိုယ်ပျော်ပါတယ်
မင်းဘေးမှာခဏတာလေး နေခွင့်ရခဲ့တဲ့အတွက်
ကိုယ်မျှော်လင့်နေပါမယ်
တစ်ချိန်ချိန်မှာ မင်းကိုယ့်ကိုချစ်လာနိုင်မယ်လို့
ကိုယ်ကြိုးစားနေပါ့မယ်
မင်းကိုယ့်ကိုချစ်လာနိုင်ဖို့အတွက်
တစ်ခုတော့ ယုံကြည်ပေးပါ ချစ်သူ
ကိုယ်မင်းကိုထာဝရချစ်နေမှာပါ
မင်းမျက်နှာလေးကို အနီးကကြည့်ခွင့်မရလည်း
အဝေးကလှမ်းကြည့်နေမှာပါ
ပိုင်ဆိုင်ခွင့်မရခဲ့လည်း
မျှော်လင့်နေခွင့်လေးတော့ ပေးသနားခဲ့ပါကွာ…………ချစ်သူရာ♥♥♥♥♥

In: ကဗျာ Posted By: Date: Aug 3, 2010
Comment #1

ဝေးဝေးကပဲလွမ်းရတာကောင်းပါတယ်နော်

commentinfo By: anatyong at Aug 4, 2010
Comment #2

အင်းပေါ့ဗျာ နီးစပ်ဖို့မှမလွယ်ခဲ့တာ

commentinfo By: Gipsy Lay at Aug 4, 2010
Comment #3

နောက်တော.ဖြစ်လာမှာပေါ.

commentinfo By: tunminthant at Aug 5, 2010
Comment #4

မင်းမျက်နှာလေးကို အနီးကကြည့်ခွင့်မရလည်း
အဝေးကလှမ်းကြည့်နေမှာပါ
ပိုင်ဆိုင်ခွင့်မရခဲ့လည်း
မျှော်လင့်နေခွင့်လေးတော့ ပေးသနားခဲ့ပါ…
..
ကောင်းတယ်..တချိန်မှာ နီးစပ်ပါစေ

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #5

ကျေးဇူးတင်ပါတယ် အားလုံးကို

commentinfo By: Gipsy Lay at Dec 14, 2010
Comment #6

အဝေကဆုံးကနေ အဖြူစင်ဆုံးချစ်နေခြင်းက အပြစ်ကင်းတယ်ထင်ပါ့

commentinfo By: သားခေတ် at May 23, 2011
Comment #7

အင်း ထင်ပါတယ် ကိုသားခေတ်ရယ်

commentinfo By: Gipsy Lay at May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment