Professional Authors

ပန်း၏ဝေဒနာ…

ဟိုဒီပြေးလွှား ၊ ၀တ်ရည်ပျားကို
ခံစားစုံမက်     ၊ မေ့ပျောက်ခက်သည့်
ပန်းစက်မာလာ၊ ပွင့်ငယ်မှာလည်း
နွေခါရေခန်း  ၊ ကြာဖြူပန်းသို့
ညှိုးနွမ်းရှာပြီ  ၊ မောင်ပျားနီကို
ပြစ်မဆိုခဲ့….

ကိုရွှေပျားတို့ ၊ မက်ဖို့ ရည်ရွယ်
လှဂုဏ်ကြွယ်သည့် ၊ ဆူးငယ်ဝန်းရံ
ပင်တိုင်စံသား၊ နန်းပန်နှင်းဆီ
မဟေသီသို့ ၊ ပွင့်လှီ ပန်းငယ်
လှမှ ကြွယ်ပဲ ၊ မောင်ငယ်ရွှေပျား
မာလာနားက ၊ ခွာသွားသည်မှာ
ကံစေရာတဲ့…

သို့ပေသို့ငြား ၊ ကိုရွှေပျားကို
လမ်းများကြုံလျှင်၊ မေးလိုက်ချင်၏
ပန်းရင်ထဲမှာ ၊ ဝေဒနာကို
စာနာထောက်ထား ၊ ဘာ့ကြောင့်များရယ်
ရွှေပျားကြိုတင် ၊ မတွေးချင်တာ
သိလိုပါရဲ့…

In: ကဗျာ Posted By: Date: Jul 11, 2009
Comment #1

ကဗျာလေးတွေကကောင်းပါတယ်။နောက်များလဲကြိုးစားပမ်းစား
ရေးပေးအုံးနော်…ပျော်ရွှင်ပါစေနော်..သူငယ်ချင်းလေးရေ

commentinfo By: အိပ်မက်ကဗျာ at Jul 12, 2009
Comment #2

ကောင်းပါတယ်ကဗျာလေးတွေက…
သူငယ်ချင်းရေဆက်ကြိုးစားနော်…
အမြဲအားပေးနေမယ်နော်….
ပျော်ရွှင်ပါစေနော်………….

commentinfo By: အိပ်မက်ကဗျာ at Jul 12, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment