Professional Authors

လောကကြီးက မတရားဘူး

မင်းက ငါ့ကို လမ်းခွဲခဲ့တာ မဟုတ်သလို
ငါက မင်းကို လမ်းခွဲခဲ့တာလည်း မဟုတ်ဘူး
လောကကြီးက မတရားဘူးလို့အော်ပြောတော့
လောကကြီးက ပြန်ပြီးပြောတယ်
မင်းလည်း မတရားဘူးတဲ့
သစ်ရွက်တွေက သူတို့ကြွေရတာ
လေတိုက်လို့ဆိုပြီး အကြောင်းပြကြတယ်
သူတို့ကိုယ်တိုင်ရဲ့ ရင်ရော်မှုတွေကြတော့ ဖွင့်မပြောကြဘူး
ခြေမခိုင်လို့ မြေပေါ်မှာ ယိုင်လဲနေတဲ့သူက
ကောင်းကင်မှာ ပျံသန်းနေနတဲ့ငှက်ကို လှမ်းပြောတယ်
ငါ့မှာ တောင်ပံတွေရှိရင် သိပ်ကောင်းမှာပဲတဲ့
သူမှာ ရှိတဲ့လက်တွေကိုကျတော့
အသုံးချဖို့ မစဉ်းစားဘူး
ဒီလောက တော်တော်မတရားတာပဲ

In: ကဗျာ Posted By: Date: Apr 10, 2014
Comment #1

ဒီလောက တော်တော်မတရားတာပဲ

commentinfo By: nate thit at Apr 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment