မျှော်လင့်ခြင်းရဲ့… နောက်ဆုံး
တစ်သက်စာ ခပ်ကြာကြာကြည့်ခွင့်ရရုံလေးပါပဲ
ဒီ့အပြင် ဘာမှမပိုခဲ့ပါဘူး….
ရှိနေချင်ရုံလေးပါ..
မင်းအနားမှာ ခဏတာရှိခွင့်ရရုံလေးပါပဲ
ဒီ့အပြင် ဘာမှကိုယ်မတောင်းဆိုခဲ့ပါဘူး….
သိချင်ရုံလေးပါ..
မင်းအချစ်ကို သိနားလညိခွင့်ရချင်ရုံလေးပါပဲ
ဒီ့အပြင် ဘာမှကိုယ်မမျှော်လင့်ခဲ့ပါဘူး…
ကြားချင်ရုံလေးပါ..
အရင်လိုမင်းအသံတွေကို ခဏလောက်ကြားချင်မိရုံပါပဲ
ဒီ့အပြင် ဘာမှကိုယ် မရည်ရွယ်ခဲ့ပါဘူး…
သိစေချင်ရုံလေးပါ..
နှစ်ချို့နေတဲ့ ငါ့အချစ်တွေကို မင်းသိစေချင်ရုံလေးပါပဲ
ဒီ့အပြင်ဘာမှကိုယ်မတောင့်တခဲ့ပါဘူး…
အတိတ်ကိုလည်း မတူးဖော်
အနာဂါတ်ကိုလည်း မတွေးမျှော်ပဲ
အရာရာမင်းအတွက် ဖယောင်းဖြစ်ခဲ့သူကို
ခုတော့လေ…..
မဟောင်းနွမ်းသေးတဲ့ သူ့မာနအတွက်
ချစ်နေခွင့်လေးကိုတောင် တားမြစ်ရက်တယ်……..
Comment #4
နောက်ဆုံး တဲ့ လား—————————–
By:ု့khaing at Aug 6, 2010
Comment #6
ကဗျာလေးတွေကအရမ်းကောင်းတယ်..တကယ့်လက်ရာကခန်းနားလွန်းတယ်ဗျာ..ဖြစ်နိုင်မယ်ဆိုရင်ကဗျာလေးတွေအသစ်တင်တိုင်မေးပို့ပေးစေချင်ပါတယ်။။
ပို့ပေးနော်..
By: မိုးလေညှင်း at Sep 17, 2011
Comment #8
ma ya ma chin ko taung nay hmar,,
nar pu nar sar loak nay hmar,,
he,,he,,
By: ei lay at Feb 13, 2012




Comment #1
မာနတွေကို အချစ်က သိမ်းဆည်းသွားရင် ကောင်းမယ်နော် နှိုင်းခ…..