Professional Authors

ဆန့်ငင် ဆန့်ငင်

ပြန်ဆက်မရတဲ့ ကြိုးစလေးမှာ ဆက်ထုံးလေးလိုနေတယ်ဆိုပေမယ့်

မင်နီနဲ့ ကြက်ခြေခတ် အရင်စာမျက်နှာတိုင်းမှာ

ဒဏ်ရာတွေပဲ တွေ့ရတတ်လို့ပေါ့

လက်ချောင်းအကန်းတွေနဲ့ စမ်းတ၀ါးဝါး ထိစမ်းရင်း

အချစ်ဆိုတာကို သို ၀ှက်

ကိုယ်ပိုင်အလင်းရောင်မရှိတဲ့ ဟော့ဒီက ကောင်အတွက်

လမိုက်ညဟာ တိတ် တစ်စကို ဆွဲထုတ်နေရသလိုမျိုး ရှည် လျား လို့

မျော ချပစ်လိုက်တဲ့ အလုံပိတ်ပုလင်းထဲ

ဆန့်ငင် ဆန့်ငင် မျော်လင့်ချက်တစ်ကောင်ပါသွားတယ်

စုန်းပြူး

In: ကဗျာ Posted By: Date: Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment