လူကြမ်း
ခြေထောက်ကို  မကြည့်ပါနဲ့ချစ်သူ
မြေနီကြမ်းမှာ  လှမ်းရသူမို့
အသားမာတက်လို့နေပါပြီ…။
လက်ကို  ကိုင်မကြည့်ပါနဲ့ချစ်သူ
ဘ၀ကြမ်းမှာ  မြန်းရသူမို့
အသားမာတက်လို့နေပါပြီ…။
ပခုံးကို  မမှီတော့နဲ့ချစ်သူ
အသားမာဖုံး  ကျွဲပခုံးမို့
မင်းမှီအုံးရင်
မင်းရဲ့ခေါင်းလေး  နုံးမှာစိုးတယ်…။
မထိရက်တော့ဘူး
နူးညံ့တဲ့  ခြေလက် ၊ ပခုံးလေးတို့ရေ
ဘ၀သမားမို့
မာနတရား အပြည့်နဲ့ပါ
ငိုချင်ရက်လက်တို့ဆိုသလို
ငါ့ရဲ့တစ်ခုတည်းသော
နူးညံ့တဲ့ နှလုံးသားကိုတော့
မတို့ထိပါနဲ့  ချစ်သူ
အသားမာတက်မှာစိုးလို့ပါ…။
ဇင်သော့
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
မထိရက်တော့ဘူး
နူးညံ့တဲ့ ခြေလက် ၊ ပခုံးလေးတို့ရေ
ဘ၀သမားမို့
မာနတရား အပြည့်နဲ့ပါ
ငိုချင်ရက်လက်တို့ဆိုသလို
ငါ့ရဲ့တစ်ခုတည်းသော
နူးညံ့တဲ့ နှလုံးသားကိုတော့
မတို့ထိပါနဲ့ ချစ်သူ
အသားမာတက်မှာစိုးလို့ပါ…။