Professional Authors

ကမ်း ကြွေ

ဂန္တဝင်မဆန်တဲ့လမ်းပါ
ဟန်ချက်တွေလည်းမညီခဲ့ဘူး
ကုတ်ခြစ်ဆာလောင်နေတဲ့ အလွမ်းဟာ အနမ်းတချို့ ပဲဖြစ်တယ်

မသိသလိုပဲထား ပြီးတော့
ခရီးကိုရှေ့ ဆက်ပါ
လင်းလက်မယ့်ကြယ်တစ်စင်းအတွက်
နေအလင်းရဲ့ အခင်းအကျင်းဟာ အပို

သွန်လိုသွန်မှောက်လိုမှောက်
ပေါက်ရောက်မှုမရှိတဲ့
သည်ကောင်ကြီးရဲ့ 
ချစ်သဝဏ်လွှာ နှစ်အလီလီ လည်း ချို့ ခဲ့ပါပြီ

ကစားမနား နားမလား
မမေးရဲခဲ့တဲ့သူ
အဆွေးသမားဇာတ်မှာရှေ့ တန်းတင်ပေးပါ
ရင်ဘတ်အောင့်ခြင်းရဲ့  အထူးဝိသေသ
ခဲလေသမျှ သဲရေတောင် မကျခဲ့ပါဘူး

အမုန်းများများခြွေချလိုက်ပါ်
အဆုံးသတ်ဆိုတာ အစကတည်းက သိသာပြီးဖြစ်တယ်
တကူးတကလည်း
မျက်ရည်ဝဲပြမနေတော့ပါဘူး

ထားခဲ့ပါ ထားခဲ့ပါ ဟန်ဆောင် အော်ညည်းနေရင်း
ဘယ်တုန်းကမှ အရေးလုပ်မခံရတဲ့
အတိတ်မှာ အဆိပ်တွေ တသည်းသည်းဝေတယ်

သည်တခေါက် ကျွန်တော် ပြာကြွေကို ကောက်မနမ်းတော့ပါဘူး ခင်ဗျာ

အဲဒီလမ်းတွေဆုံးတဲ့အခါ  ခေါ်လိုက်ပါ အသုံးမတည့်မယ့်
မျှော်လင့်ချက်တွေနဲ့  လက်ဖဝါးကို ဖြန့် ချထားမယ်

 

ဟိုးးးးးးးးးးးးးးးရှေ့ကောင်းကင်ဟာ စတေးခံသက်သက်တွေအတွက် လင်းပပေးထားတာဖြစ်တယ်

 

In: ကဗျာ Posted By: Date: Oct 17, 2012
Comment #1

ကြိုက်တယ် ဗျာ ………….၀က်ဆိုဒ်တခုမှာ ပြန်တင်ထားပေးတယ် နော် ……….တာ့တာ

commentinfo By: မောင်မောင် at Oct 17, 2012
Comment #2

ဟုတ် ကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Oct 17, 2012
Comment #3

likessssssss forever yr poems

commentinfo By: anatyong at Oct 18, 2012
Comment #4

အဲဒီလမ်းတွေဆုံးတဲ့အခါ ခေါ်လိုက်ပါ အသုံးမတည့်မယ့်
မျှော်လင့်ချက်တွေနဲ့  လက်ဖဝါးကို ဖြန့် ချထားမယ်

commentinfo By: ကေသရီ at Oct 18, 2012
Comment #5

like!! like !! Like whole poem

commentinfo By: naynyo23 at Oct 18, 2012
Comment #6

မကြီးမိုးကဗျာတွေ ကို အစဉ်အားပေးလျှက်ပါ။

commentinfo By: gadounlay at Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment