Professional Authors

မေမေ့ကိုမပြောပြပါနဲ့

မေမေ့ကိုမပြောပြပါနဲ့

ကျနော်တောင်းပန်ပါတယ်

မေမေ့သား
တစ်ရပ်ခြားမှာအလောင်းလှနေတယ

်ဗျာ

မေမေ့သား
လောကဓံရှစ်ပါး သုံးပိုင်း ပိုင်းပြီး
နှစ်ပိုင်းရေစိမ်စားနေရတယ်ဗျာ

မေမေ့သား
ကျွန်ရောင်းဝယ်မူပျောက်ကွယ်သွားပြီ
ဆိုတဲ့စကားအပေါ်သံသယဝင်နေတယ်ဗျာ

မေမေ့သား
ရပ်ပြစ်ရှစ်ပါး မလွတ်တဲ့နေရာမှာနေရင်း
ဘုရားတခြင်ရင်တောင် ဘုရားစာမေ့လို့

မေမေ့သား
အိမ်ကိုလွမ်းဖို့ထက် ဝယ်သူကအမြဲမှန်တယ်
ဆိုတဲ့စကားကို သတိရလို့

မေမေ့သား
အတိတ်ကိုခါးလှပီမှတ်နေတုန်း
အနာဂတ်ဟာပိုခါးမှန်းတွေ့ရှိသွားခဲ့တယ်

မေမေ့သား
ရေထဲကငါးကုန်းပေါ်ရောက်သလို
ပွစိပွစိနဲ့ စကားပြောတတ်လာပြီဗျ

မေမေ့သား
လူဖြစ်သွားပြီတဲ့
သူများတွေပြောကြတယ်

မေမေ

မေမေ

ကျနော်လူမဖြစ်ချင်တော့ဘူးဗျ

In: ကဗျာ Posted By: Date: Jul 30, 2010
Comment #1

ဒီလိုလည်း မဟုတ်ဖူးရှင့်
လူ ဖြစ်သွားအောင်…..
လူ နဲ့တူအောင်….
လူ ပီသအောင် နေတဲ့အခါမှာပေါ့…
တစ်ချို့က မခက်ခဲဖူး..
ဒါပေမယ့် ကျင့်ဝတ်တစ်ချို့ကို နာယူလိုက်တဲ့အခါတော့
တော်တော်လေး မောတယ် 😛

အားပေးတာပါ…။

commentinfo By: John Moe Eain at Jul 30, 2010
Comment #2

ဒါလန်ဒန်ကကျောင်းသားဘဝမို့လို့ပါ
မြန်မာပြည်မှာဆိုရင်တော့ဒီလိုဖြစ်မယ်မထင်ပါဘူး
ပြီးတော့အရှုံးပေးတာလဲမဟုတ်ပါဘူး
ရေရွတ်မိရုံလေးပါဗျာ

Comment #3

:P….

commentinfo By: John Moe Eain at Aug 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment