Professional Authors

ယုံစားသူ

တစ်ငွေ့ငွေ့တောက်လောင်နေတဲ့ ဖွဲမီးတွေလို
ငါ့ရဲ့နှလုံးသားလဲ တစ်စစီ လွင့်ပြယ် ခဲ့ရဲပြီ..
အချစ်ဆိုတဲ့ပင်လယ်ပြင်ကြီးထဲမှာ
မျောပါ နေသူခြင်း အတူတူ ကိုယ့်ကျမှ
 ကံကြမ္မာဆိုး မုန်တိုင်းနဲ့ တွေ့ရလေရဲ့
ထွက်ပေါက်မရှိ မွန်းကြပ်ပိတ်လှောင်နေတဲ့
ငါ့နှလုံးသားကို …..ထပ်ပြီးအမှောင်ချအုံးမှာလား.
ရက်စက်တတ်တဲ့ နှလုံးသားမင်းမှာရှိလိမ့်မယ်လို့
ငါဘယ်တုန်းကမှ ထင်မထားမိခဲ့ဘူး…
တကယ်ဆို ကြင်နာသူရယ်…..
မင်းမေတ္တာကို အားကိုးပြီး .ယုံစားသူ ငါ့ကို
အဖြူထည်တွေသာ ဖန်တီးပေးစမ်းပါ
ဘယ်သူတွေ ဘယ်လိုပူပူ……
ကြည်ဖြူမှာကငါလေ….
အခုတော့လေကွယ်…………..
မာနဆိုတဲ့လေး အတတ်နဲ့ ..မင်းကိုယ်တိုင်
ပစ်ခွင်းမှတော့ ငါဘာကြောင့်ရှောင်ပြေးရမှာလဲ……..

In: ကဗျာ Posted By: Date: Jul 30, 2010
Comment #1

ကောင်းတယ်ဗျ ဒီကဗျာလေးလဲ 🙂

commentinfo By: lunar at Jul 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment