Professional Authors

ခုံတန်းလေး

ခုံတန်းလေး(agent)

စွယ်တော်ပင် အောက်က
ခုံတန်းလေး

ဆောင်းနံနက်ခင်း
လမ်းလျှေက်ထွက်တဲ့ အဘိုးအိုလဲ ထိုင်တယ်

တိမ်ပြာပြာတွေ အောက်မှာ
အတိတ်၊ အနာဂတ်တွေနဲ့ ဝေးလွင့်သွားတဲ့
ချစ်သူနှစ်ဦးလဲ ထိုင်တယ်

မျှော်လင့်ခြင်းနေ၀င်ချိန်တွေနဲ

့အသဲကွဲတဲ့ ဆံပင်ရှည်ရှည်
ကောင်မလေးလဲ ထိုင်ဖူးတယ်

အချစ်ကို ငံ့လင့် ..စောင့်ရစ်တဲ့
နှင်းဆီနီအကြွေတွေနဲ့ ကောင်လေးလည်း ထိုင်ခဲ့တယ်…

ဘယ်သူတွေ ဘယ်လိုပဲ ထိုင်ထိုင်လေ
ခုံတန်းလေးက စိတ်မပျက်ဘူး..
သူ့ဘ၀က အဖြည့်ခံပဲလေ
အမြဲ  ကြည်နူးမှု့ရသတွေနဲ့
လောကဓံရဲ့ အပြောင်းအလဲမှာ…

နောက်ဆုံး ခုံတန်းလေး ဆွေးမြေ့တဲ့ အခါ
ဘယ်သူတွေ လှည့်ကြည့်ကြဦးမလဲ..
မျှော်လင့် မနေတော့ပါဘူး
…ခုံတန်းလေး…
……………….ကျေနပ်စွာ ခံယူဆဲ ပါ..

In: ကဗျာ Posted By: Date: Jul 26, 2010
Comment #1

so nice

commentinfo By: waiyan at Jul 26, 2010
Comment #2

အဲ့ ဒီခုံးတန်းလေးပေါ် တစ်နေ့ တော့ ထိုင်ချင်ပါသေးတယ်

Comment #3

ခုံတန်းလေးရေ
အဖြည့်ခံနှလုံးသားက အမြင့်မြတ်ဆုံးဆိုတာ
နားလည်ပေးပါ

commentinfo By: sunshine at Sep 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment