Professional Authors

အဝေးရောက်ချစ်သူသို့ အမေးစကား….

ကို
စက္ကန့်တံတွေ ရှေ့တိုးတိုင်း….
၂ ယောက်အတူနီးမယ့်ရက် နီးစပ်လာပြီတဲ့လား……?
ဒါမှမဟုတ်
မေ့ပျောက်သွားမယ့် အချိန်တွေထဲ…..
ကို တဖြည်းဖြည်းတိုးဝင်နေသားကျသွားတာလား……?

ကို
နေရာဒေသသစ်က အလွမ်းတွေကို ပိုစေတယ်တဲ့လား….?
ခုတော့လည်း….
အမြင်ထူးတွေနဲ့ ကို ပျော်မြူးရင်း….
အဝေးတစ်နေရာက ကျွန်မကို တမ်းတမှုရှိသေးရဲ့လား….?

ကို
သတိရတိုင်း စာကျက်ပါတဲ့
ကို ကတော့ လွမ်းမိတဲ့အခါတိုင်း…..
တခြားသူရဲ့ရင်ခွင်ထဲ တိုးဝင်ပြီး ဖြေသိမ့်မှုတွေ ဖန်တီးနေပြီလား….?

ကို
ဝေးကွာချိန်အကန့်အသက်တွေ လွန်ပြီးရင်
ပြန်ဆုံခွင့်ဆိုတာရှိသေးလည်း…..
လက်တွေ့အချိန်တွေထဲ….ကတိတွေကို တစ်ယောက်ယောက်နဲ့
ဖလှယ်နေပြီလား……?

ကို
မခက်ခဲတဲ့ ဆက်သွယ်မှုတွေနဲ့
နှလုံးသားချင်းအနီးကပ် ရင်ခုန်ခွင့်တွေရှိသေးလည်း….
အနေဝေးလို့ သွေးအေးခြင်းတွေကို
ရဲရဲဝင့်ဝင့် လက်ကိုင်ပြုလိုက်ပြီလား…..?

ကို
နောက်ဆုံးမေးချင်တာကလေ
ကိုကိုယ်တိုင်
အနေဝေးခြင်းကို ခံနိုင်ရည်မရှိပါဘဲ
အနေနီးမှုတွေကို သာယာသွားခဲ့ရင်
ကျွန်မတို့ ၂ ယောက်ကြားက သစ္စာ ဆိုတာကို
ကျွန်မတစ်ယောက်တည်း….
ဆက်စောင့်ထိန်းဖို့ လိုအပ်တော့လို့လား………..?

In: ကဗျာ Posted By: Date: Oct 22, 2010
Comment #1

ကို
စက္ကန့်တံတွေ ရှေ့တိုးတိုင်း….
၂ ယောက်အတူနီးမယ့်ရက် နီးစပ်လာပြီတဲ့လား……?
ဒါမှမဟုတ်
မေ့ပျောက်သွားမယ့် အချိန်တွေထဲ…..
ကို တဖြည်းဖြည်းတိုးဝင်နေသားကျသွားတာလား……?

ကို
မခက်ခဲတဲ့ ဆက်သွယ်မှုတွေနဲ့
နှလုံးသားချင်းအနီးကပ် ရင်ခုန်ခွင့်တွေရှိသေးလည်း….
အနေဝေးလို့ သွေးအေးခြင်းတွေကို
ရဲရဲဝင့်ဝင့် လက်ကိုင်ပြုလိုက်ပြီလား…..?

အရမ်းကြိုက်တယ်
ကိုယ့်ကိုကိုယ် ပိုချစ်နိုင်အောင်ကြိုးစားနိုင်ပါစေကေသရီရေ..

commentinfo By:ုkyi kyi at Oct 22, 2010
Comment #2

ဟုတ်ကဲ့ ပါ ကြည်ကြည်ရေ ကေ့ကဗျာတွေကို အားပေးတာ ကျေးဇူးအရမ်းတင်ပါတယ်
ကေလည်း ကေ့ကိုကေ ပိုချစ်နိုင်အောင်ကြိုးစားနေပါတယ်….။

commentinfo By: kaythari at Oct 22, 2010
Comment #3

nice.

commentinfo By: ic23u0 at Oct 22, 2010
Comment #4

so nice,,
same with me.
ko dot hote bu,,mg,,he,,he,,

commentinfo By: ei lay at Mar 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment