Professional Authors

မနေ့ က ဆုံးသွားတဲ့ပုံ ပြင်

မနေ့က ဆုံးသွားတဲ့ ပုံပြင်

ဒဏ်ရာတွေက များလွန်းလို့
နာကျင်မှုရဲ့ တည်နေရာကို
အတည်အကျ ရှာမရခဲ့တဲ့
နေ့ ရက်တွေ

ပန်းခင်းတဲ့လမ်းမဟုတ်ရင်တောင်
ကတ္တရာလမ်းလောက်တော့ဖြစ်သင့်တာပေါ့
အခုတော့
နတ်ဆိုးတို့  ကျကျန်ခဲ့တဲ့
တေးတစ်ပိုဒ်နဲ့ ခင်းထားတဲ့ လမ်းတဲ့လေ

ဘယ်သူ ရဲ့ သစ္စာနဲ့ 
ဟောဒီ ဥယျာဉ်တော်က
ပန်းတွေ ပွင့်မှာလဲ
မိုးကျချိန်ကို စောင့်မျှော်မနေပါနဲ့ တော့ …          ချစ်သူရယ်
ဒီလူရဲ့ နှလုံးသားနဲ့ ပဲ
မင်း ရဲ့ လယ်ယာမြေကို အထွက်တိုးစေလိုက်ပါတော့..။

                              

                                                                မိုးအိမ်
In: ကဗျာ Posted By: Date: Jul 25, 2010
Comment #1

good poem.

commentinfo By: scarlet at Jul 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment