လွမ်းည
လွမ်းည
မှုန်မှိုင်းပြာရီ လမင်းကမှောင်ရီသာ
ရင်ခွင်မှာနာကျင်ပေမယ့်
ကြည်လဲ့လဲ့ကြယ်ရောင်တချို့
မခို့တရို့နှင့် လှောင်ရီ(ရယ်)သလို
ငါ့ရင်ကိုဖြိုတဲ့မိုး အဲ့ဒိမိုးက
လွမ်းဆွေမိုး………………
ဖြောက်တောက်တောက်နဲ့ရွာ
အာကာပြင်ကမဟုတ်
ရင်ခွင်လွှာက ဆွေးမိုးတိမ်
အကြိမ်ကြိမ်ထစ်ချုန်း
ငါ့နှလုံးသားကရှုံးခဲ့တာကိုး………….
အရှုံးလွန် အမုန်းကမ်းစွန်မှာ
လွမ်းမိုးတွေသွန်း
ငါ့ဘ၀နစ်မွန်းချိန်ဝယ်
ဝေးကွာနယ် ချစ်သူငယ်က
ရင်ခွင်သစ်ဝယ်ပျော်ပိုက်
သိလိုက်ရတဲ့ဒီညမက
နောက်ထပ်ညတွေပေါင်း
အချစ်ဟောင်းကို မမေ့သရွေ့
နေ့တိုင်းမှာတမ်းတ
အချိန်တိုင်းမှာဆွေးရတယ်
ညတိုင်းဟာလွမ်းညတွေပေါ့ကွယ်………။ ။
စိုင်းသီဟ (တောင်ပေါ်မြေ)
၂၀၁၀ ခုနှစ် ဇန်န၀ါရီလ beauty max magazine တွင်ရွေးချယ်ဖော်ပြခြင်း ခံရသော ကျွန်တော်၏ ကိုယ်ပိုင် ကဗျာကို
ဝေဖန်အကြံပြုပေးနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်…………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
မခို့တရို့နှင့် လှောင်ရီ(ရယ်)သလို
ငါ့ရင်ကိုဖြိုတဲ့မိုး အဲ့ဒိမိုးက
လွမ်းဆွေမိုး………………
မိုက်တယ် …