Professional Authors

ဆုံထောင့်

ဆုံထောင့်

အနားနှစ်ဖက်နဲ့ ထောင့်တစုံ
မိုင်တွေရာချီ ဖြတ်သန်းလာခဲ့တဲ့
ဒီထောင့်ချိုးရဲ့ အစ
ကတိက၀တ်မရှိတဲ့ သုံးနာညီ ရိုးသားခြင်းဟာ
မျက်နှာချင်းဆိုင် ရင်းနှီးမှူ့ အနားတဖက်ကနေ
ခွဲထွက်လို့ မရည်ရွယ်တဲ့ မနက်ဖြန်တွေဆီ
ခရီးဆက်ခဲ့တယ်…..

 တာဆီးခြင်းမဲ့  မျက်ဝန်းအနားသတ်နဲ့
တိတ်တိတ်လေး ကြွေနေတဲ့
အဲဒီဆုံထောင့်လေး လှပစေဖို့
ကဗျာတပုဒ် နဲ့ ကမ်းလက်တစုံ
သံယောဇဉ်တွေ ဖြူစင်ရုံနဲ့
ဒီနေရာလေးမှာ…
ကြယ်တွေ လတွေ လင်းလက်စေမယ်.

ေ၀၀ါးလွန်းတဲ့ ဆုံနိုင်ခွင့်
 ကမ္ဘာဦးက တူးဖော်ခဲ့တဲ့မျှော်လင့်ခြင်းသီအိုရီဟာ

ကံကြမ္မာဆိုတာထက်
မတူညီတဲ့ နေရောင်ခြည်အောက်က
အသက်ရှူသံတွေနဲ့
ကြွဲံ့ပားခြားနားတဲ့ နာကျင်ခြင်း 180 ဒီဂရီပါပဲ.

ငြင်းပယ်ခွင့်မရှိတဲ့ ပဟေဠိများ
ထွက်သက် ၀င်သက်တိုင်းရဲ့
သုံးနားညီ မသိကိန်းတွေနဲ့
ဘ၀တွေ အကန့်အသတ်မဲ့ ထပ်တူညီခွင့်ရတဲ့အခါ
ဒီဆုံထောင့်လေးမှာ…
  ရင်ခုန်ခြင်းကို ဒီဂရီတွေနဲ့ သက်သေပြု
အနာဂတ်တွေ ထုဆစ်ရေးဖွဲ့ကြမယ်လေ။

In: ကဗျာ Posted By: Date: Jul 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment