Professional Authors

စုံတွဲ (မေငြိမ်း)

တစ်ယောက်က သူဖြစ်ဆဲ ပန်းပွင့်နှင့်

လျှို့ဝှက် တိတ်ဆိတ်မှုကို ရှက်စနိုး မြှင့်တင်

ကမ္ဘာကို အစဉ်စီးဆင်းမဲ့

မိုးစက်ပွင့်ရဲ့ တိမ်တစ်တိုက်

ဒါမှမဟုတ်

မြစ်ကြီး တစ်စင်းရဲ့ တာလွှတ်ရာ

မာယာနဲ့ စိတ်ကူးယဉ် လှပ

သူ့နေ့တွေကို အစီအစဉ်ချလို့…

 

အခြားတစ်ယောက်က

တဒင်္ဂ မိန်းမောမှုမှာ

သူ့အပေါင်းအသင်း သူခိုင်မြဲ

တည်ဆောက်ဆဲ လမ်းအသစ်

သူ့ဒုက္ခ ဓားမြိနဲ့

သူ့အတွေ့အကြုံ တတိတိချွန်

သူတီထွင်ရာ အိမ်မက်ထဲ

အအိပ်မက်တဲ့ သူ့တန်ခိုးတွေ

နှိုးမယ့်သူ ရှာနေလေရဲ့…

 

သူတို့မျက်ဝန်းပေါ်က ချောက်နက်ထဲ

တွေ့ဆုံ နစ်မြှုပ် နက်ရှိုင်းကြ

တစ်ယောက်မေ့လျော့မှု တစ်ယောက်ကိုဆွဲ

တစ်ယောက်အတွေးထဲ တစ်ယောက်စိမ့်ဝင်

နေ့စဉ်ရဲ့အစကို ပျံသန်းဖို့

တစ်ယောက် ကမ်းပါးပေါ် တစ်ယောက်

ရေကြည်မြက်နုဖို့

တစ်ယောက်အတောင်ပံ တစ်ယောက်

တပ်ဆင်ချော့မြူကြ…

 

ကမ္ဘာဦးက အတိုင်းပေါ့

နေရောင်ခြည်တွေက

မျှော်လင့်ချက်တွေအပေါ် စူးစူးရဲရဲ

ဖြာကျနေဆဲ။ ။

In: ကဗျာ,မေငြိမ်း Posted By: Date: May 5, 2011
Comment #1

ကမ္ဘာဦးက အတိုင်းပေါ့

နေရောင်ခြည်တွေက

မျှော်လင့်ချက်တွေအပေါ် စူးစူးရဲရဲ

ဖြာကျနေဆဲ။ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment