Professional Authors

ပေးဆပ်ခြင်း

ချစ်သူ….
ကံခေတဲ့ချစ်ခြင်းတစ်ခုမှာ
ငါကအရံလူသက်သက်ဖြစ်ခဲ့ပြီ
ငါကမမေးထွက်ခဲံ့ပေမဲ့
မင်းကဖြေရက်ခဲ့တယ်နော်
မချစ်ခဲ့ဘူး…ဆိုတဲ့စကားနဲ့တင်
ငါ့နှလုံးသားကအခါခါသေဆုံးခဲ့တာပါ
မင်းဝေးဝေးလှမ်းလျှောက်နိုင်ဖို့
ငါ့နှလုံးသားရင်းပြီးလမ်းခင်းပေးခဲ့တာ
မင်းမြင့်မြင့်ပျံသန်းဖို့
ငါ့ဘ၀နဲ့ထမ်းတင်ပေးခဲ့တာ
အခုတော့မင်းကအပြုံးနဲ့နှုတ်ဆက်ပြီး
အဆုံးသတ်ခဲံ့တယ်
မတားရက်ခဲ့ပါဘူး
ထားခဲ့ရင်တောင်နေတတ်အောင်ကြိုးစားမှာပါ
ဇဝေဇ၀ါနဲ့တမ်းတရုံမဟုတ်ဘူး
အသေအချာလွမ်းနေခဲ့တယ်ဆိုတာ
မင်းမသိနိုင်အောင်သိမ်း
တိတ်တိတ်လေးပဲနေတော့မယ်ချစ်သူ……

In: ကဗျာ Posted By: Date: Jul 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment