Professional Authors

အချစ်အတွက် ပေးဆပ်ခြင်း

ယဉ်ယဉ်နွဲ့နွဲ့ သူ့ရဲ့ဟန်ပန်က
ကဗျာဆန်သလိုလို
မဟာဆန်သလိုလို
ကျွန်တော့်ကို ဘယ်အချိန်ကများ
ပြုစားလိုက်ပြီမသိ။
ရင်ထဲမှာတော့…
သူ့ပုံရိပ်တွေပဲ
အမြဲရှိနေတတ်တယ်…။

တစ်ခါတစ်ရံ…
သူနဲ့တွေပြန်ရင်လည်း
ကျွန်တော့်ရင်ထဲ သူပဲစိုးမိုးနေသလိုပဲ
နှလုံးသားတွေပြိုလဲ စိတ်ထဲလည်းမဝံ့မရဲ
သူ့ကိုပဲ ခိုးခိုးကြည်နေမိတယ်…။

ခြေလှမ်းတိုင်းကို လှမ်းလျှောက်တိုင်း
ဦးတည်မှုမရှိ ပဲ
သူရှိရာဆီ  ဦးတည်လို့အမြဲ
သူဘယ်မှာရှိမလဲ မသိ
သူ့ကိုပဲမျှော်နေမိ တယ်…။

အိပ်ရာဝင်လို့ မျက်လုံးမှိတ်
သိစိတ်မှာလဲ သူပဲ
မသိစိတ်မှာလဲ သူပဲ
အမြဲတစေ စွဲငြိစေပြန်တယ်…။

တကယ်ပါ ချစ်သူ…
ဒီလူရဲ့ အသည်းအိမ်ဝယ်
စွဲနေတဲ့ မင်းပုံရိပ်တွေရယ်
ဘယ်အချိန်မှ မှေးမှိန်နိုင်မယ်မသိ
ငြိစွန်းနေတဲ့ မင်းအတွက်အချစ်
ပေးဆပ်ခြင်း သက်သက်ပါလေ….။   ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 22, 2011
Comment #1

တကယ်ပါ ချစ်သူ…
ဒီလူရဲ့ အသည်းအိမ်ဝယ်
စွဲနေတဲ့ မင်းပုံရိပ်တွေရယ်
ဘယ်အချိန်မှ မှေးမှိန်နိုင်မယ်မသိ
ငြိစွန်းနေတဲ့ မင်းအတွက်အချစ်
ပေးဆပ်ခြင်း သက်သက်ပါလေ….။ ။
အားပေးနေပါတယ်။ကိုဇော်သက်ဦး

commentinfo By: poem.poem28 at Jun 22, 2011
Comment #2

ကျေးဇူး ငါ့ညီ poem.poem28

Comment #3

အားပေးပါတယ်.ကိုဇော်သက်ဦး…။

commentinfo By: ပွင့်ဖြူ at Jun 22, 2011
Comment #4

ကျေးဇူးချစ်ညီမငယ်…..။

Comment #5

ကောင်းတယ် ကိုဇော်သက်ဦးရေ…
ကျွန်တော်လည်း အဲဒီလို ချစ်တက်တာ…
ကျေးဇူးပါ….အားပေးပါတယ်

commentinfo By: minratha at Jun 24, 2011
Comment #6

ကျေးဇူးပါ မင်းရသ….။

Comment #7

ကောင်းပါတယ်… အားပေးခဲ့တယ်နော်..မောင်လေး…

commentinfo By: sandi at Jun 27, 2011
Comment #8

ကျေးဇူးပါအစ်မ….။

Comment #9

ဟုတ်မှဟုတ်ရဲ့လား………။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #10

really?

commentinfo By: ei lay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment