Professional Authors

ဧကစာရက်စွဲများ

မင်းမရှိတဲ့ရက်
ငါ့ကို တည်.တည်.၀င်ဆောင့်လို.
နာကျည်းမှုက
မလွမ်းဖို. မလုံလောက်ဘူး။

နောက်တစ်ခါ ပြန်ကြည့်လည်း
ဒီဇာတ်ကားက ဒီဇာတ်သိမ်းပဲ
သစ်ရွက်လှုပ်တာက အစ
ထိထိခိုက်ခိုက် ဖြစ်နေဖို.မကောင်းဘူး
သူ.သဘောသူဆောင်နေတဲ့ လောက
ငါ့သဘော ငါမဆောင်နိုင်တာက ခက်တယ်။

ထိုင်မရ ထမရ သတိရခြင်းမှာ
ထိုင်လိုက် ထလိုက် လုပ်နေမိတော့ ပိုဆိုးတယ်
ဆေးလိပ်နှစ်ဘူးကုန်သွားပြီ
ငါက ဘယ်သွားဆောက်တည်ရမှန်း မသိသေးခဲ့။

တစ်ခုတော့ရှိတယ်
ငါပြန်လာမှ အသက်ရှင်မယ်ဆိုတောင်
ငါ ပြန်မလာတော့ဘူး။    ။

In: ကဗျာ Posted By: Date: Jun 24, 2009
Comment #1

ဆေးလိပ်နှစ်ဘူးလည်းကုန်ပြီ
ဘီယာတကဒ်လည်းကုန်ပြီ
ကွမ်းတံတွေးတွေလည်း ပျံ့ကြဲပြီ
သက်ပြင်းချသံတွေလည်း လျံပြီ
ငါက ဘယ်သွားဆောက်တည်ရမှန်း မသိသေးခဲ့။

commentinfo By: အရဲ at Jun 25, 2009
Comment #2

နော်တာဆို ငြိမ်ငြိမ်လေးပဲ ထိုင်ပြီးလွမ်းနေမယ်….
အဲ့လို ထိုင်လိုက် ထလိုက်တော့ လွမ်းဖူး….း)

commentinfo By: မှုံရွှေရည် at Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment