Professional Authors

အရှုံးချစ်သူ၏ စကားများ

အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်ပဲ

အမျိုးမျိုးသော အမျိုးတွေ ဖြစ်ခဲ့တယ်

ဘယ်တတ်နိုင်ပါ့မလဲလေ။

ချစ်ခြင်းမေတ္တာဟာလည်း

အနိစ္စတရားမှာ အလုံးအရင်းပါတာပဲ

ဟောဒီလှိုင်းတွေက

တစ်ချိန်မှာ ငြိမ်သက်ရဦးမယ်

အခုတော့

ငါကိုက်မိတဲ့ ငါ့နှုတ်ခမ်းဟာ

သွေးစို.နေဆဲပါ။

မေးပါရစေ

ချစ်သူက အထင်သေးတာလောက်

ရင်နာစရာကောင်းတာ

လောကမှာ ဘာရှိပါသလဲ

မင်းခိုင်းသလို ခေါင်းမဖြီးတတ်တာနဲ.ပဲ

လူညံ့ဘ၀မှာ

ငါ…………ခြောက်လကြာခဲ့ပေါ့။

မေတ္တာတရားဟာ ချိန်ခွင်ပါပဲ

နှစ်ဖက်အလေးချိန်တူဖို.လိုတယ်

တစ်ယောက်ယောက်က လိုရင်ဖြစ်ဖြစ်

တစ်ယောက်ယောက်က ပိုရင်ဖြစ်ဖြစ်

တစ်ဖက်စောင်းနင်းဝေးကွာမှုဟာ

နှစ်ဆ တက်လာလိမ့်မယ်။

ငါနာကျင်ဖူးသလို မင်းနာကျင်ဖူးမယ်

မင်းနာကျင်ဖူးသလို ငါနာကျင်ဖူးမယ်

မင်းနာကျင်မှုကိုပဲ တွက်ပြီး

ငါ့ဘက်ကို မစဉ်းစားရင်

ချစ်သူတို.ယဉ်ကျေးမှုဟာ

ဟန်ချက်ပျက်သွား နိုင်တယ်။

ဟိုး……တစ်ချိန်ကိုပြန်ကြည့်လိုက်တော့

ငါစောင့်စည်းခဲ့တယ်

ငါထိန်းသိမ်းခဲ့တယ်

ငါ့အပေါ်ကျ

မစောင့်စည်းကြပါတကား

မထိန်းသိမ်းကြပါတကား

ပျက်ကွက်ခြဲ့ကပါတကား

ဘယ်သူချခဲ့မှန်း မသိတဲ့ ကျိန်စာက

ငါ့အပေါ်ရှိတုန်းပါပဲလား

ရင်နာစရာပါပဲလေ။

ငါပေးဆပ်ခဲ့တဲ့ နည်းနည်းပါးပါးလေးတွေထဲမှာ

ချစ်ခြင်းတရားနဲ. မတို.ထိတာ ပါဝင်ခဲ့ဘူးသလား

အစုန်အဆန်စဉ်းစားကြည့်ပါ

င့ါ သိက္ခာတရားတို.ကို

င့ါကိုယ်ငါ လျော့စေမယ်လို.

မင်း……….

ထင်ရက်ပါသလား။

ယူသလောက်ပြန်ပေးရမယ်လို. ငါမပြောလို.များ

ပေးသလောက် မေတ္တာကို မတင်းတိမ်တာလား

ငါလည်း ဒီတစ်ယောက်ကျမှ

ရှိစုမဲ့စု “ ပုံအော ” ခဲ့မိတယ်

ဒါအကုန်ပဲလို.

ငါဘယ်လိုပြောရမှာလဲ။

ငါ့ထက်မြက်မှုကိုမှ

မင်းကချောမွေ.စေချင်ခဲ့တော့

င့ါငြိမ်းအေးရာဇရပ်ကိုမှ

မင်းက တိုက်ယူချင်ခဲ့တော့

မင်းတစ်ခွန်း ငါတစ်ခွန်းမှာပဲ

ငါတို.ကျောချင်းကပ် လွဲခဲ့တယ်။

နင့်အလင်းနဲ. ငါ့ကမ္ဘာကြား

ဘယ်လို အရာဝတ္ထုတွေ ၀င်ရောက်ခြားနားလို.

အရိပ်မည်း အရိပ်ကွက်တွေနဲ.

နင် “ နေကြတ် ” သွားခဲ့ပါလိမ့်

နင်နှစ်သိမ့်မှာ ကို လိုချင်တာလည်း

စိတ်ကူးယဉ်မှုတစ်ခုပါပဲဆိုတာ

အခုအချိန်မှာ ……… ငါ

အလူးအလိမ့် နားလည်ခဲ့ပါပြီ။

ဘယ်လို ကာလမျိုးအထိ

ငါ့မှာနာနာကျင်ကျင် ရှိနေရမှာလဲ

မင်းစကားကို ငါ

ခေါင်းငုံ. နာခံခဲ့တယ်

ငါ့စကားကိုတော့နင်

အရွဲ.တိုက် ဆန်.ကျင်ခဲ့တယ်

ငါတောင်းဆိုတဲ့ တစ်ခွန်းနှစ်ခွန်းကိုတောင်

မင်းက ခြွင်းချက်တွေလိုချင်နေမှတော့

ငါ………ဘာများပြောရဦးမှာလဲ။

အချစ်မှာ သံသယလေးလိုတယ်

မင်း ကျင့်သုံးဖူးရဲ.နဲ.များ

အချစ်မှာ သ၀န်တိုမှုလေးလိုတယ်

မင်း စိတ်ညစ် ဖူးရဲ.နဲ.များ

အချစ်မှာ အနိုင်ယူမှုလေးလိုတယ်

မင်း တစ်ချက်တည်း ပိုင်းဖူးရဲ.နဲ.များ

ငါ့ဘက်ကိုကျတော့

မင်း တစ်ပြားမှခွာမပေး ခဲ့ပါတကား။

ငါ့ အုပ်မိုးစောင့်ရှောက်မှုကိုမှ

လောင်းရိပ်လို. မင်းထင်ရက်ရင်

ဒီထက် ပိုချင်တဲ့မြတ်နိုးခြင်းကို

မင်း………

အကျဉ်းထောင်လို. ထင်တော့မှာပေါ့။

အပြန်အလှန်ရယ် ဖြစ်လာရင်

အနည်းအများဆိုတာ ဖြစ်လာမှာပဲ

ဒီလိုသာ တွက်ချက်နေကြရင်

မေတ္တာဟာ ဈေးကွက်ဆန်သွားလိမ့်မယ်။

နင်နာကျင်နေရင်

( အောင်မြင်တာ မအောင်မြင်တာ ခဏထားလို. )

နှစ်သိမ့်ဖို. ငါကြိုးစားခဲ့တယ်

ငါ နာကျင်နေရင်

မြင်တတ်အောင် နင်မကြည့်ဘူး

ငါတော့

ထုတ်ချင်းခတ် ဆူး…………စူးခဲ့ပြီ။

ငါ မင်းကို မခွဲနိုင်မှန်းသိတော့

မင်းငါ့ကို လက်ဖျားလေးပေါ် တင်လှည့်တော့မယ်

ပေါ့ပေါ့ဆဆ နှစ်သိမ့်မှုတွေဟာ

ငါ့ကို ပိုစိတ်နာစေတယ်

ဒါပေမယ့် ငါကျေနပ်ရမှာပါ

ငါက ချစ်မိသူကိုး။

“ ဒီလို မပြောပါနဲ. ” လို. မင်းပြောလိမ့်မယ်

တကယ်တော့

ငါ့စကားကို နာကျင်လို.မဟုတ်ဘူး

နင်………နားငြီးလို.ပဲဖြစ်မှာပါ။

ကလေးဆန်ဆန် နင်ပြုံးလိုက်ရင်

နင့်ကို အပြစ်တင်ချင်တဲ့ စကားတွေ

ငါ့ကိုယ်ငါ ပြောမိသွားခဲ့

ငါထင်ထားတဲ့ နင့်အမှားတွေဟာ

ငါ့ အမှားတွေ လုံးလုံးဖြစ်ခဲ့

အပြစ်တင်ရင်း အပြစ်တင်ရင်း

နင့်ကိုငါ တောင်းပန်မိရက်သား ဖြစ်ခဲ့

ချစ်မိတဲ့သူ ဆိုတာမျိုးက

နှစ်ထပ်တိုးနဲ. ရှုံးတယ်။

မင်း တားမြစ်ထားတဲ့ ကွမ်းယာ

မင်းမသိအောင် ငါစားခဲ့ပါပြီ

နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဖိဝါးလိုက်တာ

အဲဒါ………တိုးတိုးလေး အံကြိတ်လိုက်တာပေါ့

ငါလေ…………

မင်းကို သိပ်ချစ်တာနဲ.ပဲ

ကွမ်းယာထဲမှာပဲ ဒေါသကို ဖောက်ခွဲနိုင်ခဲ့တယ်။

“ ငါ သူ.ကို မေ့နိုင်ပါ့မလား ”

စိတ်ကူးလေးနဲ. ခဏခဏ တွေးကြည့်တယ်

အဲဒါကိုက သတိရဖို.ဖြစ်ခဲ့ပြီ

ငဲ့ကွက်စရာတွေကို မငဲ့ကွက်ရင်တောင်မှ

နင့်ကိုငါ မေ့လို.မရတော့ပါဘူး။

မင်းစိတ်ချမ်းသာဖို.အတွက်

မဲ့ရမယ့် အချိန်မှာ ငါပြုံးခဲ့တယ်

စိတ်ဆိုးရမယ့် အချိန်မှာ ငါကြင်နာခဲ့တယ်

မာနတင်းရမယ့်အချိန်မှာ ငါ အလံ“ဖြူ” ခဲ့တယ်

သြော်………ငါဟာ

လူပေါလူကြောင် ဖြစ်ခဲ့ပြီပေါ့လေ

အခုတော့ ဒါတွေအားလုံးဟာ

င့ါအခန်းဝှက်လေးထဲမှာ

ယမ်းတွေလို အောင်းနေတယ်။

မင်းရဲ.တစ်ဖက်သတ် မဲ့ပြုံးကို

သေလောက်အောင် စိတ်နာတယ်

ငါ့အလုံးစုံ မြတ်နိုးမှုဟာ

မင်းအတွက်မလုံလောက်ရင်တောင်

စော်ကားစရာ အကြောင်းမရှိဘူး။

ငါက

မင်းပေးတဲ့ အမာရွတ်တွေကို အလှဆင်ခဲ့

မင်းက

ငါပေးတဲ့ မြတ်နိုးခြင်းတွေကို

ခြေသုတ်ခဲ့

မင်းရဲ.

ပစ်ပစ်ခါခါ အကြည့်မှာ

ငါ့ငယ်ထိပ်ကို မြွေပေါက်ခဲ့

နည်းနည်းတော့ ငဲ့ကွက်သင့်ပါတယ်။

လဆန်းရက်မို.လို.

လဆုတ်ကို ထည့်မတွက်တာလား

တောင်တက်ခရီးမို.လို.

တောင်ဆင်းကို မစဉ်းစားတာလား

ရောက်ချင်ရောက်လာနိုင်တဲ့ တချိန်ချိန်ကို

ငါ့လိုများ

မင်း……..ကြိုမမောခဲ့ဘူးလား။

ငါပဲသိတဲ့ ငါ့အရှုံးကို

( နှစ်ချို.ပြီး )

စံပယ်လို သီကုံးခဲ့ပြီ

မင်းအပြုံး တစ်ဝက်မှာပဲ

ငါ့မာနတွေ ပြိုလဲခဲ့ပြီ။

တစ်ကွက်ချန် မင်းအချစ်ကြောင့်

ပစ်ရမှာလည်း ခက်ခဲ့ပြီ

ငါ့စိတ်ရဲ. အခြားသောဘက်က အတွင်းကြေဒဏ်ရာ

ငါ့ဘာသာ ကြိတ်ကုစားတော့မယ်

ငါ ကွယ်ဝှက်ထားတာ နာကျင်မှု

နင် ကွယ်ဝှက်ထားတာ ဘာလဲ

မင်းမပြောပဲ ငါမသိချင်ဘူး

မ……သိ……ချင်……တော့…….ပါ…….ဘူး။

အကြောင်းကြောင်းသော အကြောင်းကြောင်းတွေမှာပဲ

အမျိုးမျိုးသော အမျိုးမျိုးတွေ ဖြစ်ခဲ့တယ်

ဘယ်………တတ်နိုင်ပါ့မလဲ

ကံကြမ္မာရယ်

ငါပြင်ဆင်ထားခဲ့တာ ကြာပါပြီ။

In: ကဗျာ Posted By: Date: Jun 24, 2009
Comment #1

အရမ်းကောင်းတဲ့ ရင်တွင်ူကဗျာလေးထင်တယ်နော်
ကျမ ခံစားချက်နဲ့ကိုက်ညီလို့ အရမ်းကို ကြိုက်မိပါတယ်

commentinfo By: gyit tu at Jul 2, 2010
Comment #2

လျှော့လွန်းတော့လည်း ရော့သွားတာနေမှာပါ….
ဘာများပြုပြင်ပြောင်းလဲလို့ ရအုံးတော့မှာလည်းနော်…း)
ကဗျာကောင်းလေးပါပဲရှင်…

commentinfo By: မှုံရွှေရည် at Jul 15, 2010
Comment #3

ကဗျာလေးကတော့ အရမ်းကိုကောင်းမွန်တဲ့ စကားလုံးတွေနဲ့ပါပဲရှင် …. တစ်ပုဒ်တည်းမှာပဲ အရှည်ရေးထားလို့ ဖတ်ရတာ နဲနဲလေးရောသွားတယ် …. ပိုကောင်းစေချင်လို့ဝေဖန်ပေးတာပါနော်… ကဗျာလေးကိုတော့ အရမ်းကြိုက်ပါတယ်… စာသားတွေကလဲ သိပ်ကိုပြောင်မြောက်ပါတယ် …….

commentinfo By: thuthu at Jul 15, 2010
Comment #4

အရမ်းကောင်းတဲ့ကဗျာလေးပါ
ယူသလောက်ပြန်ပေးရမယ်လို. ငါမပြောလို.များ

ပေးသလောက် မေတ္တာကို မတင်းတိမ်တာလား

ငါလည်း ဒီတစ်ယောက်ကျမှ

ရှိစုမဲ့စု “ ပုံအော ” ခဲ့မိတယ်

ဒါအကုန်ပဲလို.

ငါဘယ်လိုပြောရမှာလဲ။

အဲ့ဒီစာလေးကိုကြိုက်တယ်

commentinfo By: ဖူးမေ at Aug 5, 2010
Comment #5

oh,,,oh,,god,,,
huh,,,,
maw like tar…. he,,he,, 😛
a shay g pe a te kwe htar dar naw,,
a myar g pe ma kyay nat chat tway,,
ekkkkkkkkkk
myar lun hla de 1 bet tat a naing u hmu tway,,

really feel sorry,

commentinfo By: ei lay at May 13, 2012
Comment #6

ချစ်ခြင်းနဲ့မချစ်ကြားမှာ
အမုန်းတရားတွေကဘဲ
ရှင်သန်ကြီးထွားလာတော့
ဘာကိုမှ
သတ်မှတ်လို့မရတော့ဘူး
အရှုံးမရှိဖို့
ဘာတွေကငါတို့အတွက်
လိုအပ်တာလဲ
အချစ်ဆိုတာကရော
ဘာကြီးလဲ
ငါမသိချင်ဘူး
အလွမ်းဆိုတာကို
ဒါပေမယ့်
တစ်ယောက်ကတစ်ယောက်ကို
ချစ်ခဲ့ကြတာ
နာကျင်ဖို့မဟုတ်တာတော့
သေချာမှာပါ
ခြွင်းချက်တော့ရှိမှာပေါ့လေ

commentinfo By: minpyaephyoe6991 at May 13, 2012
Comment #7

အိလေးမင်းအကာင့်ကိုငါသိပါ့စေလား

commentinfo By: minpyaephyoe6991 at May 13, 2012
Comment #8

aww,,hote,,ya par de,
ei2lay par,,

commentinfo By: ei lay at May 13, 2012
Comment #9

ကောင်းတယ်​ဗျာ

commentinfo By: phyo aung at May 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment