Professional Authors

ယုံကြည်သောအခါ

ရင်ငွေ့ ဝေေ၀၊ယစ်မူးချိန်က
စေလိုရာစေ၊ထားရာနေမယ်
ရှင်သန်ချိန်တိုင်း၊လွမ်းတယ်ဆိုခဲ့ 
ချစ်သူထိပ်ထားစိတ်နေအားကို
ကြားရစဉ်တိုင်း၊ကြည်နူး၏
…………………………….
ရင်မှာပီတိ၊ဂွမ်းဆီထိသို့ 
ခံစားပျော်ရွှင်၊စိတ်ကြီးဝင်လို့ 
အရာအားလုံး၊မေ့ စိတ်ဖုံးခဲ့ဲ
ချစ်သူသာလျှင်၊ငါ၏သခင်
တွေးမှတ်ထင်ပြီး၊ချစ်ခဲ့ သည်
………………………………..
ရင်မှာပူပြင်း၊မင်းစိတ်ရင်းက
မီစတစ်ဘက်၊ရေတစ်ဘက်လို့ 
သိမြင်ထွင်ဖောက်၊သိနောက်ကျတော့ 
ငါ့ သဲအိမ်ပျက်၊ချစ်ဆိပ်တက်လို့ 
အရူးတစ်ပိုင်းဖြစ်နေတယ်။။။။။။။။။။။။။။။။။

                                                 မင်းလူန

In: ကဗျာ Posted By: Date: Jul 19, 2010
Comment #1

ဖွင့်မပြောတတ်တဲ့ နှလုံးသားကရော….အကောင်းအတိုင်းမှ ရှိသေးရဲ့လား……………တွေးကြည့်ပါ…

commentinfo By: ............................ at Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment