Professional Authors

လာပါ သူငယ်ချင်း

လဲကျနေပြီလား အသင်လူသား
ဆက်သွားမလား ရပ်နားမလား
ပြတ်သားရင်တော့ကောင်းမယ်
အကြောင်းရယ်ဘယ်မရွေး
လောက က ပူဆွေးစရာများတယ်
အားမငယ်နဲ့ ရှုံးနိမ့်တိုင်း
မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်ရှိမယ်
အသက်ဆက်လို့ရတာက ဆုလာဘ်တစ်ခု
ကိုယ့်သမိုင်းကို ကိုယ်ပဲ မှတ်ချက်ပြုရမှာ
ဒါကြောင့်
ပြိုလဲ တိုင်း ငိုပွဲမဆင်နဲ့
နေ၀င်ပြီး မိုးချုပ်မှတော့
မနက်ခင်းကိုမြင်ရတော့မှာပေါ့
တဒင်္ဂမအောင်မြင်တာ ကို
အရှုံးထဲ ဘောင်မခတ်လိုက်နဲ့
အမှောင်နက်လေ ရောင်နီနီးလေ
လောကခရီးရှည်ကြမ်းတမ်းတယ်
ဝမ်းနည်းစရာကြုံတတ်တော့
မင်း စိတ်ကိုရဲရဲ ဆုံးဖြတ်
ည အမှောင်အလယ်မှာ ရပ်မနေနဲ့
မျက်ရည်စက် ဆိုတာအရှုံးပေးခြင်းလို့သတ်မှတ်
လာပါ လက်တစ်ဖက်ကို အတူဆွဲ
လောကထဲ လျှောက် ရအောင် 

In: ကဗျာ Posted By: Date: Aug 21, 2012
Comment #1

ကဗျာတစ်ပုဒ်က အင်အားတွေလည်းဖြစ်စေတယ်
ကျေးဇူး။

commentinfo By: htatmyataung at Aug 21, 2012
Comment #2

million thz
now i need lots of encouragements.

commentinfo By: ei lay at Aug 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment