First Lady
တစစီပြိုပျက်သွားတဲ့ အလင်းဟာ
ဘယ်ကမ္ဘာကို အမှောင်ကျစေလိုသလဲ???
ကံဆိုးမ ပါလို့  ၀န်ခံပြီးကာမှ မိုးက သည်းသည်း ရွာချတယ်
တခု လိုချင်လို့ လည်း တခုပြန်ပေးစရာ ရယ် မရှိ
တခုမှမပိုင်တဲ့ ဘ၀ကို ခဏခဏ လက်ဖြန့်တောင်းခံရတယ်
ကိုယ်ဟာ ဗလာမှန်း သင် မောင်းခတ်ကြေငြာချင်ရော့သလား???
ထမင်းကျွေးတဲ့လက်ပါ
အဆိပ်လည်းခတ်ခဲ့တယ်
ဒါကိုပြောခဲ့လို့ လည်း လူရိုင်းမကြီး စာရင်းမှာ မြဲ
ကျွန်တော့်မှာ ဒီထက်ကြွေပြစရာလည်း ကင်းခဲ့ပြီလေ
ဆိုလိုချင်တာက ဘာလဲ???
အမေးရှိပေမယ့် အဖြေမရဲ
လမ်းကြုံရင်ဆဲသွားကြပါ
မမြဲတဲ့ခန္ဓာမှာ အတုကြီးတပ်လို့ ဖြီးနေလိုက်တာ
သွားတွေတောင် အစုံလိုက်မြင်ရတယ်
ဒါပေမယ့် သင် အကယ်ဒမီ ရပါတယ်
တယောက်ထဲပြိုင်တဲ့ပွဲမှာပေါ့ – (ခင်ဗျားဟာဘယ်တုန်းကမှ ကျွန်တော့်ပြိုင်ဘက်မဟုတ်ခဲ့ပါဘူးကွယ်)
အတိတ်တွေ ဖျက်ပြမတဲ့
သင်ဟာ ကဝေမကြီးလား
ကျွန်တော်မျိုးမ အသည်း
ယူပါ ငင်ပါ စားသုံးပါ
ဘာတခုမှ ချမ်းသာမပေးပါနဲ့
သင် မလုခင်ကတည်းက ခြွေချ ခဲ့ပြီးသားမို့ 
ပထမမှာ နောင်တ ဆိုတာလည်း ကင်းခဲ့ပါတယ်ကွယ်
မငိုတတ်တဲ့ကလေး
ထမင်းလည်း ငတ်ခဲ့ပါတယ်
ဘာတခုမှ မလိုချင်ခဲ့သူမှာ
ဗလာတွေတောင် အလုခံရတယ်
ဘယ်လို ကံကြွေးတွေ ထပ်ခဲ့သလဲ???
အနာဂတ်ရှည်တဲ့
ကလေးသူငယ်တွေအတွက်
ဘ၀ကိုမာန်ချီ အားနှစ်ဆနဲ့ ထမ်းပိုးပြပါ့မယ်
ကျွန်တော်ဟာ အမျိုးသမီး ဟာကျူလီပေါ့
တံဆိပ်ခေါင်းကောင်းမှ လူကောင်းစာရင်းဝင်တာမဟုတ်
ဇာတ်သိမ်းပိုင်းပဲ လူ အထင် စိုက်တာမို့ ..
တယောက်ထဲ ခင်း တဲ့လမ်း ဘယ် မင်း ရယ်မှ မယှဉ်သာအောင် ချောမွေ့စေမယ်
ဝူးဝူး ၀ါးဝါး ငိုသံတွေ …. လည်း တိတ်ပါတော့လား လောကဓံရယ် ကျွန်တော်သွားမယ့်လမ်းမှာ ဆူးကင်းစေလိုတယ်
လက်ပြနှုတ်ဆက်မှ မဟုတ်ပါဘူး မချိပြုံးလေးတွေလည်း လူရာဝင်တာပါပဲ …
ဒီလိုပဲ
ဒီလိုပါပဲနဲ့
ဒီဇာတ်လမ်းကို
ဇာတ်သိမ်း ဆိုင်း ထားခဲ့တယ် ……….. အတုံအလှည့်တွေလည်း မလိုချင်ခဲ့ပါဘူးကွယ်….
Saturday, September 29, 2012 at 11:05am
အသဲကွဲ မိုး
Comment #2
.. so strong..
By: Deborah at Mar 8, 2013
Comment #3
လက်ပြနှုတ်ဆက်မှ မဟုတ်ပါဘူး မချိပြုံးလေးတွေလည်း လူရာဝင်တာပါပဲ …
အားပေးသွားပါသည်။။။။။
By: နွေ at Mar 8, 2013
Comment #4
အရမ်းမိုက်တယ် မမိုး
တစ်ပုဒ်လုံးကိုလေးလေးစားစားဖတ်သွားပါတယ်…။
By: loafer at Mar 8, 2013
Comment #5
i can’t able to write any comments even after 10 times reading
By: ei lay at Mar 8, 2013
Comment #6
ဝမ်းနည်းကြေကွဲခြင်း များစွာဖြင့် ဖတ်သွားပါတယ်ဗျာ။
By: မာန်ခက်ဝင့် at Mar 8, 2013
Comment #7
6 Comments & 62 Views & 1 Big like!
By: J-13 at Mar 8, 2013
Comment #8
စာနာ နားလည်ပေးစွာဖြင့် ဖတ်ရှု ခံစား အားပေးသွားတဲ့ ကျွန်တော့် အားဆေးလေးများအားလုံးကို
အထူးလေးစား ကျေးဇူးတင်လျက်
By: အသဲကွဲ မိုး at Mar 9, 2013
Comment #9
ဇာတ်သိမ်းဆိုင်းထားတဲ့ကဗျာလေး ကောင်းလိုက်တာဗျာ။
By: 13th at Mar 9, 2013
Comment #10
နည်းနည်းဟတ်ထိသွားတယ်….
By: laminlay at Mar 10, 2013
Comment #11
သောက်သရမ်းကြိုက်တယ်
By: ရှင်းသန်ဲဖြူ at Mar 18, 2013
Comment #12
ဘာတခုမှ မလိုချင်ခဲ့သူမှာ
ဗလာတွေတောင် အလုခံရတယ်
ဘယ်လို ကံကြွေးတွေ ထပ်ခဲ့သလဲ???
.
လက်ပြနှုတ်ဆက်မှ မဟုတ်ပါဘူး မချိပြုံးလေးတွေလည်း လူရာဝင်တာပါပဲ …
ကောင်းလိုက်တာ မိုးရာ
အားပေးနေပါတယ်….
By: ကေသရီ at Apr 4, 2013
Comment #13
ဘာတခုမှ မလိုချင်ခဲ့သူမှာ
ဗလာတွေတောင် အလုခံရတယ်
ဘယ်လို ကံကြွေးတွေ ထပ်ခဲ့သလဲ???
အဲဒီစာသားလေးကိုလည်း မောင်လေးပိုကြိုက်သွားပါတယ်။
By: poem.poem28 at Jun 3, 2013




Comment #1
အားပေးသွားပါတယ်ဗျ….