Professional Authors
ချစ်သူကို အဆိပ်ခတ်ခဲ့မိတယ်..။
ကျွန်တော့်ရဲ့ ည မှာ….သူမ
လတစ်ခြမ်း နဲ့ ချမ်း
နေတစ်ဝက်နဲ့ ..ကျွမ်း
ပုံပျက်တဲ့….အချစ်တစ်ခု ကျွန်တော်ပိုင်ဆိုင်ခဲ့တယ်
လေပြင်းတွေ ချစ်တဲ့ ကျွန်တော်
ချစ်သူရဲ့ လေနုအေးနဲ့  …..အခါခါ..အသက်ရှူမဝခဲ့ဘူး
အချစ်ကို ကောက်ချက်ချဖို့  ကြိုးစားတော့
ခံစားချက်တွေ အ အ သွားတယ်
အရက်တစ်ခွက်လောက်တော့ ပျင်းရှချင်တယ်
ထင်သလို မဖြစ်တဲ့ အခါ
ရေတစ်ခွက်လောက် ကျွန်တော့်အချစ်တွေ ချစ်သူအပေါ် အဆိပ်ခတ်ခဲ့မိတယ်
ဒါပဲ..ချစ်သူ…နင်အဆိပ်မိမှ ငါနင့်ကိုမုန်းမယ်…….။
In: ကဗျာ Posted By: Date: Jul 4, 2013
Comment #1
ကောင်းတဲ့ကဗျာလေးပါ အားကျမိပါတယ် ဖတ်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ် အားပေးပါမယ့် နော်
commentinfo By: ယုဝေ at Jul 4, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment