Professional Authors

မုံရွာ

ငါက ပင်လယ်တစ်ခုမဟုတ်ဘူး ငါ့ကိုလက်ပစ်မကူးနဲ့
ငါက တောင်ကုန်းတစ်ခုမဟုတ်ဘူး ငါ့ကို တွားမတက်နဲ့
ငါက တောအုပ်တစ်ခုမဟုတ်ဘူး ငါ့ကိုမကျော်ဖြတ်နဲ့
ဆင်းခဲ့
အဲဒီ
ခွေခေါက်နေတဲ့ ခပ်အအ လမ်းလေးအတိုင်းဆင်းခဲ့
အဲဒီ..
ခေတ်ကို မေးတင်ပြီး သမိုင်းကိုနားစွင့်နေတဲ့ ဒဏ်ရာရ ရွာကလေးဆီမှာ ပေါ့
အဲဒီ..
အိပ်မက်တွေအလိပ်လိုက်အလိပ်လိုက် ခွေခေါက်ထည့်ပြီးဘယ်တော့မှနောက်ပြန်မစီးတဲ့
အပြာရောင်မြစ်ကြီးရဲ့ဘေးမှာပေါ့
ရှိခဲ့
ဘာကို တတ်သိနားမလည်တဲ့လူတစ်ယောက်နဲ့အတူရှိခဲ့
ရှိခဲ့
စွတ်စွတ်ဖြူနေတဲ့ စံပယ်တစ်ခင်းနဲ့ မျှော်လင့်ခြင်းငါတို့လယ်ကွင်းပြင်တွေရှိခဲ့
ရှိခဲ့
ထုံးဖြူဖြူနဲ့ ငါတို့ရဲ့သစ္စာစေတီဖြူဖြူတွေရှိခဲ့
သိပ်အဝေးကြီး ဝေးခဲ့တာမှမဟုတ်တာ
မုံရွာနဲ့ရန်ကုန်
မုံရွာနဲ့စလုံး
မင်းဘာတစ်ခုမှ အမှတ်မရခဲ့ရင်လည်း
အချိန်ရာသီက ငါတို့အဖြစ်ကိုလက်ညှိုးထိုးအန်ချပြလိမ့်
ငါတို့လမ်းတွေထင်တာထက် ပိုကွေ့ကောက်ခဲ့ကြောင်း
ငါတို့ရင်ဘတ်တွေ မို့မောက်ခဲ့ကြောင်း
ငါတို့သုံးသီးစားစိုက်ပျိုးခဲ့တဲ့ အချစ်အကြောင်း၊၊ ၊၊

In: ကဗျာ Posted By: Date: Apr 9, 2013
Comment #1

@_@

commentinfo By: ei lay at Apr 9, 2013
Comment #2

ငါက ပင်လယ်တစ်ခုမဟုတ်ဘူး ငါ့ကိုလက်ပစ်မကူးနဲ့
ငါက တောင်ကုန်းတစ်ခုမဟုတ်ဘူး ငါ့ကို တွားမတက်နဲ့
ငါက တောအုပ်တစ်ခုမဟုတ်ဘူး ငါ့ကိုမကျော်ဖြတ်နဲ့

commentinfo By: kyawsanoo at Apr 9, 2013
Comment #3

cool ..

commentinfo By: maypyo22889 at Apr 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment