Professional Authors

နိမိတ်

ဖျပ်ခနဲ…
ကျကွဲသွားတဲ့…မှန်တချပ်..
ကြိုးပြတ်သွားတဲ့..ဂစ်တာတစ်လက်နဲ့..
လန့်လန့်နိုးခဲ့ရတဲ့ .. ခြောက်အိပ်မက်တွေ…

တဆတ်ဆတ်..လှုပ်နေတဲ့မျက်ခမ်း….
လျှောက်လိုက်တိုင်း..
ခလုတ်မလွတ်တဲ့ ခြေလှမ်းတွေနဲ့….
သက်ပြင်းတွေ အခါခါရှိုက်…
ဒီနေ့မှ စောင့်ရတာ ကြာလိုက်တာ………

သူလာနေကျ..
ရှေ့က..လမ်းကလေးကလဲ….
မြူတွေအုံ့ဆိုင်းလို့..
ခါတိုင်းထက်ကို…မှိုင်းညိုနေတယ်…..

ဟော..
ခြေသံဖွဖွ..နားဝမှာကြား..
သူလာပြီလားကွယ်…..

ရနံ့တစ်ခု..
လေထုနဲ့..လွင့်ပါး…
ချစ်သူဆိုတာ…
နှလုံးသားက သေချာတယ်….

ရှေ့မှာလာရပ်တဲ့..
ဖြူလွလွ ခြေအစုံထက်…
အစိမ်းရောင်ကြက်ခြေခတ်နဲ့ ရွှေဖိနပ်တစ်ရံ..
ရင်ခုန်သံတွေနဲ့ အပူဇော်ခံပါ…….

နက်မှောင်တဲ့ ဆံနွယ်ကြားက..
တောက်ပတဲ့မျက်ဝန်း….
ဓါးသွားလို ထက်ရှတဲ့..
စကားတစ်ခွန်းမှာ….
နာရီတွေသေဆုံး…
ငါ့ကိုငါ..ပျောက်ဆုံးသွားပြီကွယ်……..

လေးညှို့ရှင်

In: ကဗျာ Posted By: Date: Jul 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment