Professional Authors

မက်လင်ပင်ကြီးတွေအောက်မှာ (နေမျိုး)

ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့သေတ္တာကို
ဒီမနက်မှာတဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာတွေ့ရ။

ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်လောက်ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်စာဟာ ‘အကယ်၍’ ဆိုတဲ့ စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ

ငါ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာ ကြာမြင့်ခဲ့
ဝါကျတစ်ကျောင်းမှလည်း မရခဲ့ပါဘူး

ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လိုပဲ ဖြစ်မှာပေါ့။ ။

နေမျိုး (လူဖြစ်ရတာကောင်းတယ်)

Comment #1

အရမ်းကောင်းတယ်..ရင်ထဲကို မြင်ရတယ်…..

commentinfo By: အသဲကွဲမိုး at Oct 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment