Professional Authors

နတ်နေကိုင်း

မင်းလေးရဲ့ရင်ထဲမှာ
 မင်းလေးရဲ့အတွေးထဲမှာ
အထီးကျန် ဝမ်းနည်းတဲ့အခါ
ပထမဆုံး သတိရတဲ့သူ ဖြစ်ချင်တယ်…….
မင်းပျော်ရွှင်တဲ့အချိန်မှာ
အတူ မခံစားပေးနိုင်လည်း
မင်းအားငယ်တဲ့အခါ
အတူ ငိုချင်တယ်…………..
မင်းရင်ထဲမှာ
 ဘယ်သူ့တွက်နေရာထားထား
ကျန်တာတွေ ပျက်စီးသွားရင်
 ငါ့နေရာတော့ချန်ထားပေးပါ
မင်းအားငယ်ဝမ်းနည်းတဲ့ခါ
မျက်ရည်သုတ်ပေးဖို့တွက်ပါ………………
မင်းလိုသလိုချယ်လှယ်အပြီး
 ရှူပ်ပွနေတဲ့ ရင်ခွင်ကို
မင်းပြန်ရှင်းလင်းတဲ့ခါ
ငါ့နေရာတော့ ချန်ထားပေးပါ
မင်းအိပ်ချင်တဲ့ခါ မှေးစက်ဖို့
ငါ ပုခုံးလေးနဲ့တူ ရှိချင်လို့ပါ……………..
 မင်းသိမလား……….
သစ်ပင်တွေခုတ်လှဲရင်တောင်
ငှက်လေးတွေ အလွမ်းတေးသီဖို့
 နတ်နေကိုင်းတော့
 ချန်တတ်ကြတယ်ဆိုတာပေါ့………
 ……………………….မြူမင်းသွင်

In: ကဗျာ Posted By: Date: Jul 15, 2010
Comment #1

အရမ်းမိတယ်ဗျာ…

commentinfo By: badboychan at Jan 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment