အလွမ်းဆို တာထမ်းထားရတာ ထက်လေးတယ်
၂၀၁၀ ကို တံခါးခေါက်လိုက်ရင်လည်း
အလွမ်း တွေပဲ ကိုယ့်အပေါ်..တဖြုတ်ဖြုတ်ကြွေကျဦးမှာလား။
အချစ်ဆိုတာ…ခါးတယ်…
ဒါပေမယ့်
ထွေးထုတ်ပစ် ဖို့ကျတော့ ဘာကြောင့် ၀န်လေးနေရတာလဲ..။
ကိုယ်က ည..
လ..က မင်း လို့..ဆိုရင်
ကိုယ့် ရဲ့ ကဗျာက ရိုးသွားမလား..ပဲ..။
ဟုတ်တယ် ..ကိုယ့်ကခပ်ရိုးရိုး..ကောင် ။
ကိုယ့်က မတီးရက် လို့..ကြိုးညှိထားတဲ့
ဂီတာ..လေး. သူများလက်ဖျားနဲ့ တီးခတ်သွားတာကို
ဒီကဗျာပေါ်..မှာ…လွမ်းတေးသီ..မိတယ်..။
အခုတော့ ခေါင်းစဉ်အတိုင်း…….
အလွမ်းဆို တာထမ်းထားရတာထက်လေးတယ်
ကိုယ် သိပြီ..
ကိုယ့်ကတစ်နေ့တော့ လွတ်ချနိုင်ရမယ်..လို့စိတ်ကူးရင်း….။
(အငွေ့ )
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တော်တော်လေးကောင်းတယ်