Professional Authors

ငါ့တို့ ဟာ ဘယ်သူ့လက်တွေလဲ..ဟေ့

“လှူတာလည်း လက် ယူတာ လည်း လက်”

သူဌေးတစ်ယောက်ရဲ့ လက် က
ဘူဇွာ တစ်ယောက်ရဲ့ လက်နဲ့တူသလို
ဟစ်တလာရဲ့ သေနတ်ပစ်တဲ့ လက်နဲ့လည်းခပ်ဆင်ဆင်။

အမေ့ရဲ့လက်က မာသာထရီဇာ လက်ဖြစ်ကာ
ချစ်သူက ပေါ်လီယာနာ ကလေးရဲ့ လက်
မင်းလက်ဝါး ရဲ့ လက်နဲ့ အဖေ့ လက်ဝါး တူညီတယ်။

မြို့စားကြီး ဒရက်ကူလာ ရဲ့ လက်တွေနဲ့
လက်ဖက်ရည် ဆိုင် အတူတူထိုင်ခဲ့ ဖူးသလို
ဝင်ပုလွေ လာဆင် လိုလက်တွေနဲ့လည်း
အရက် အတူတူ သောက်သုံးခဲ့ဖူးတယ်။


ဒီခေတ်မှာ ပေါများလှတဲ့ ငတက်ပြားရဲ့ လက်တွေ
အကြောင်းသိနေသလို
စတာလင်လို လက်မျိုး ပိုင်ဆိုင်ချင် သူတွေကိုလည်း မုန်းမိတယ်။

ဂန္ဒီ ကြီးရဲ့ လက် ကရှားပါးသွားသလို
မွန်းရိုး လို လက်မျိုးတွေ ပေါပေါလာတယ်။

စာဖိုးမှုးတစ်ယောက်ရဲ့ လက်လို
ဘယ်အရာကို ဘယ်လို ပါးပါးလှီးရမလဲ ဆိုတာ
တွေး နေတဲ့ လက်တွေ ရှိသလို…

ဘုန်းတော်ကြီးတစ်ပါးရဲ့ တရားပေးတဲ့ လက်တွေလည်း ရှိတယ်။
ဒီတော့ လက်တွေ အကြောင်း ပြောရင်…အဆုံးမဲ့ ပုံပြင် …..။

“ယူတဲ့လက် ”

“လှူတဲ့လက် ”

“ခိုးတဲ့လက် ”

“ရိုက်တဲ့လက် ”

“သက်တဲ့လက် ”

“ဆိုးတဲ့လက် ”

….လက်…လက်…လက်…လက်..


“ကျွန်တော့်တို့လက်ကရော..ဘယ်သူလက်နဲ့..တူသလဲ.”..။

(အငွေ့ )

In: ကဗျာ Posted By: Date: Jul 15, 2010
Comment #1

ပီကာဆိုနဲ့ ဘီယာမျိုမယ့်လက်..အကြိုက်ဆုံးကဗျာတွေထဲကတစ်ခု

Comment #2

(: တကယ်ပါ ကဗျာလေးက ကောင်းတယ်.. တကယ်ပါ ကဗျာလေးကို ကြိုက်တယ် ..

commentinfo By: ဖြိုးဖြိုး at Jul 18, 2010
Comment #3

လေးစားဖိုကောင်းအောင်ကိုကဗျားလေးကကောင်းတာပါအကိုကိုလေးစားပါတယ်ကျွန်တော်လာည်းရေးဖူးပါတယ်တစ်ခါမှမကောင်းခဲဖူးလေ

commentinfo By: swan at Jan 7, 2011
Comment #4

လှူတာလည်း လက် ယူတာ လည်း လက်”

commentinfo By: MyoZin at Jul 3, 2011
Comment #5

ကဗျာအရမ်းကောင်းတယ်

commentinfo By: jasmine at Mar 22, 2012
Comment #6

a yan mike de

commentinfo By: ei lay at Mar 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment