Professional Authors

“ လက်တွေ့တွေက ဝေး ဝေး ဝေး ”

 

ပထမနှစ်ဖြေအပြီးမှာ အောင်စာရင်းမကြည့်ဘဲ

ကျောင်းစာတစ်ခန်းရပ်တယ်

ဘယ်တော့မှ တက္ကသိုလ်ဘွဲ့ရမလဲ

သူငယ်ချင်းအချို့ကပြောတယ်

မင်း စာမေးပွဲအောင်တယ်တဲ့

ဘ၀မေးပွဲတွေကျနေတာ ရယ်စရာကောင်းလို့

သင်ရိုးညွှန်းတမ်းတွေဖတ်ရတာ ငိုစရာကောင်းလို့

ထားလိုက်ပါတယ်

ပညာရေးနဲ့ လက်တစ်ကမ်းမက ဝေးတဲ့အရပ်မှာ ၀လုံးတွေပဲရေးနေလိုက်တယ်

တစ်ခါတစ်ခါ သစ်ပင်စိုက်လိုက်၊ ချစ်သူနောက် လိုက်လိုက်ငေး

ငေးနေရတယ်

(တွေးနေကြ ပုံစံခွက်ထဲက ထွက်ရမယ့်နေ့တွေ မတွေ့မချင်းရှာဖွေနေပေါ့)

ကိုယ်တိုင်မျိုချလိုက်ရတဲ့ လေလောက်တော့ ဘယ်လေကမှ အောက်စီဂျင်မပြည့်ဝဘူး

သေချာတယ်

သစ်ပင်တွေသာ စကားပြောတတ်ရင် တစ်ရက်မှာ ၂၄ကြိမ်တော့တိတ်ဆိတ်နေမှာပဲ

၂၁ရာစုမှာ အရေးသုံးပါးနဲ့ ကဗျာ/ပညာ တွေသေတယ်

ကိုယ်ကျင့်တရားက သေးတယ်

ဘယ်အရာမှ လေးလေးပင်ပင်မရှိတဲ့ဘ၀မှာ ထူးထူးခြားခြား

အသက်ရူသံတွေလေးပင်လို့

 

 

လကွယ်

In: ကဗျာ Posted By: Date: Mar 22, 2012
Comment #1

အစ်ကို့ ကဗျာကို ညီလာအားပေးသွားတယ်နော် မိုက်တယ်။ 🙂

commentinfo By: မာန်ခက်ဝင့် at Mar 22, 2012
Comment #2

အင်း … ညီ

commentinfo By: La Kyal at Mar 22, 2012
Comment #3

phat shu arr pay twar par d.

commentinfo By: ei lay at Mar 22, 2012
Comment #4

ဘ၀မေးပွဲတွေကျနေတာ ရယ်စရာကောင်းလို့ …
.
.
.
ဘယ်အရာမှ လေးလေးပင်ပင်မရှိတဲ့ဘ၀မှာ ထူးထူးခြားခြား
အသက်ရူသံတွေလေးပင်လို့

commentinfo By: kantkawmg at Mar 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment