Professional Authors

အချိန်နည်းနည်းလေးရသေးတယ်

သား
မင်းအဖေနဲ့အယူအဆမတူ
မကြည်လင်ဘူးဆိုရုံနဲ့
အမေ့ကို စုံကန် မင်းပျံထွက်သွားမလား?
အေး
မနေချင်သပဆိုသွားချင်သွား
လိုတာမှန်သမျှအကုန်ယူသွား
အဆင်မပြေခဲ့လို့များပြန်လာချင်ရင်
အမေ့ရင်ခွင်က မင်းအတွက်
အစဉ်တံခါးဖွင့်ထားပါတယ်။
သား
တစ်ခုတော့မှာထားလိုက်မယ်။
မင်းစိတ်နိုင်လို့သွားပြီဆိုမှတော့
” မွေးမေကျေးဇူးဆပ်ဘူးချင်တယ်လေ”လို.လဲ ငိုသံပါကြီးနဲ့မဆိုနဲ့။
” မေမေရေမငိုနဲ့နော်လေ “လို့လဲ လာချွေးမသိပ်နဲ့။
” အိမ်ပြန်ချင်တယ် ဟူး နွေးထွေးတဲ့အမေ့အိမ်”လို့လဲ လာဆွေးမပြနဲ့။
“အမေကျနော်ကိုစိတ်မပျက်ဘူး လား “လို့လဲဒုက္ခအိုးလေးဆိုပြီး လာမချွဲနဲ့။
သွားလေသူ ခင်ဝမ်း လို
” အမေကျနော်မှာ ညီအကိုများစွာရှိတယ် “လို့
စုစည်းထားတဲ့အသံများ ငါကြားချင်ပါတယ်
အေး
မင်းတကယ်ကိုတားမရလို့သွားမယ်ဆိုရင်
နောက်ဆုံးလှေခါးထစ်မရောက်ခင်
သေသေချာချာပြန်စဉ်းစား
………………………………………………

Tags: ကိုပေါက်လက်ဆောင်, အတွေးစဉ်

Comment #1

ဟုတ်ကဲ့ပါ ကိုပေါက်ရေ .. ဒီစာသား ဒီကဗျာလေးကို သေသေချာချာ မှတ်သားထားလိုက်ပါ့မယ် ..

commentinfo By: Aye Cho at Jun 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment