Professional Authors

မီးကြိုးမောင်းပြတ် အရူး

အရေးအကြီးဆုံး စကားလုံးကို
အရေးအပါဆုံးဆိုတဲ့ လူက
ကန့်လန့်ဖြတ်ပိုင်းလိုက်အခါ
မိုးရွာလို့ မီးပျက်သလိုမျိုး
မီးလောင်လို့ ဝါယာရှော့ဖြစ်ပေးရတယ်
ကောက်ရိုးတစ်မျှင် ထက်
ကူထိုးမဲ့ ဝါးလုံးအောက် လည်စင်းပေးလိုက်မယ်
ထင်မထားတာတွေ အကုန်ဖြစ်လာတဲ့တစ်နေ့ကြရင်
မဖြစ်နိုင်ဘူးဆိုတဲ့ စာလုံးကို ငါ့ပခုံးထက်မှာ
ဆေးမင်ကြောင်ထိုးပစ်မယ်
ကိုယ်ကိုယ်တိုင် ရူးနေကြောင်းထောက်ခံစာပြရုံ

 နဲ့မလုံလောက်ရင်
လူထုကြွေးကြော်သံ စနစ်နဲ့ ငါကိုယ်တိုင်အရူးအစစ်ဖြစ်ကြောင်း
သက်သေပြမယ်
ပီးတော့
အရေးအကြီးဆုံး ဆိုတဲ့
မီးကြိုးမောင်းပျက်စကားလုံးကို
အမှားယွင်းဆုံး မေးခွန်းကပ်
မဏ္ဍပ်တိုင်တက်ပီးတော့
ငါဟာ အရူးဖြစ်တယ်လို့ အော်ပြောလိုက်မယ်။

ကောင်းမြတ်

In: ကဗျာ Posted By: Date: Jul 11, 2010
Comment #1

I Like this poem

commentinfo By: thidangenge at Sep 21, 2010
Comment #2

ရှုးချင်လာပြီ……….
ရှုးချင်စိတ်တောင်ပေါ်က်လာပြီ……………………

commentinfo By: pyae sone at Sep 21, 2010
Comment #3

ကျေးဇူးပါဗျာ
အရူးစာရင်းတိုးသွားတာပေါ့
ဟဲဟဲ
Thz for all of ur comment

commentinfo By: ကောင်းမြတ် at Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment