Professional Authors

ဘာပဲဖြစ်ဖြစ် ဒီကဗျာဟာ နင့်အတွက်မဟုတ်ဘူး (terry)

နင့်အကြောင်းကို
စိတ်ကူးကြည့်ရုံနဲ့
ငါ့သွေးခုန်နှုန်းဟာ
တစ်မိနစ်မှာ
၇၂  ကြိမ်ထက် ပိုပိုမြန်လာတယ်။

ငါပဲလည်နေတာလား….
ကမ္ဘာပဲလည်နေတာလား……..
သေချာတာတစ်ခုက
တူညီခြင်းမှာ
အတ္တ တစ်မျိုးမျိုးတော့
ပါဝင်နေလိမ့်မယ်။

နှုတ်ဆက်ခြင်းရဲ့အစမှာ
တွေ့ဆုံခြင်းရဲ့နိဂုံးကို
ငါမထင်မှတ်ပဲမြင်လိုက်ရတယ်
ငါတကယ်မသိလို့ပါ
နင်နဲ့ငါဟာ..
ကျောခိုင်းဖို့အတွက်
မျက်နှာချင်းဆိုင် လမ်းလျှောက်ခဲ့တာလား။

စီးကရက်တစ်လိပ်ရဲ့
ဝင့်ကြွားမှု့လိုပဲ
ပြာဖြစ်သွားမှာထက်
ရှိုက်ထုတ်ခံရမှာကို
ငါပိုကြောက်တယ်။

လူတစ်ယောက်မှာ
ကြောက်တတ်တဲ့အရာဟာ
ပိုဖြစ်နိုင်ခြေများသလိုပဲ
ငါဖန်ဆင်းတဲ့အလွမ်းက
ငါ့ကိုမှပိုချစ်တယ်ထင်တယ်။

စိတ်ပါဝင်စားခြင်းမရှိတဲ့
ပုံပြင်တစ်အုပ်ကိုဖတ်ရသလိုမျိုး
နိဒါန်း ထက် နိဂုံးကို
ပိုအလိုရှိမယ်ဆိုရင်
ငါ့စာမျက်နှာရဲ့ နောက်တစ်ရွက်ကို
နင်လှန်ကြည့်လှည့်ပါ။

တိတ်ဆိတ်စွာသေဆုံးနေတဲ့
အသဲကွဲရောင် ညနေခင်းက
နာကျင်တဲ့အပြုံးနဲ့
နင့်ကို ဆီးကြိုတုန့်ပြန်နေလိမ့်မယ်။

                                                                 terry(13.12.2009)

In: ကဗျာ Posted By: Date: Sep 21, 2010
Comment #1

လူတစ်ယောက်မှာ
ကြောက်တတ်တဲ့အရာဟာ
ပိုဖြစ်နိုင်ခြေများသလိုပဲ
ငါဖန်ဆင်းတဲ့အလွမ်းက
ငါ့ကိုမှပိုချစ်တယ်ထင်တယ်။

ကောင်းတယ်ဗျ။

commentinfo By: သက်ထွေး at Sep 21, 2010
Comment #2

i ko tie tot poem ma yay tat bu … but fri toe yay tae poem ko i kyite tal.
i chit tu nae kwal b ma lo ..

commentinfo By: aye thaw thaw at Sep 21, 2010
Comment #3

I like this poem .

commentinfo By: thidangenge at Sep 21, 2010
Comment #4

စီကရက်တစ်လိပ်ရဲ့ 
ဝင့် ကြွားမှု့ လိုပဲ
ပြာကျသွားမှာထက်
ရှိုက်ထုတ်ခံရမှာ
ပိုကြောက်တယ်။။။။။။။။
သိပ်ကောင်းတယ်ကိုတယ်ရီ

commentinfo By: kathitni1980 at Sep 21, 2010
Comment #5

နင်နဲ့ငါဟာ..
ကျောခိုင်းဖို့အတွက်
မျက်နှာချင်းဆိုင် လမ်းလျှောက်ခဲ့တာလား။

commentinfo By: အမရာ at Sep 21, 2010
Comment #6

Great , Well done..
ခံစားမှုအပိုင်းက ဆန်းသစ်ပြီး လတ်ဆတ်တယ်…
စစ်မှန်တဲ့ အနုပညာကို ဆထက်တံပိုး မွေးဖွားနိုင်ပါစေ….။

commentinfo By: sorrower.kl at Sep 21, 2010
Comment #7

ဘာပဲဖြစ်ဖြစ် အရမ်းဖတ်လို့ကောင်းတယ်

commentinfo By: ကြက်ခြေခတ် at Sep 21, 2010
Comment #8

အားပေးတဲ့အတွက် အားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်။
လိုအပ်ချက်တွေရှိမယ်ဆိုရင်လည်း ဝေဖန်ပေးပါနော်။

commentinfo By: terry at Sep 22, 2010
Comment #9

ကဗျာအ၇မ်းမိုက်တယ်..ငိုတောင်ငိုချင်လာတယ်.

commentinfo By: thawthaw at Nov 18, 2010
Comment #10

ငါတကယ်မသိလို့ပါ နင်နဲ့ ငါက ကျောခိုင်းဖို့ အတွက်မျက်နှာချင်းဆိုင် လမ်းလျှောက်ခဲ့တာလား ဆိုတာလေး မိုက်တယ် ….

commentinfo By: yuki at Nov 19, 2010
Comment #11

နှုတ်ဆက်ခြင်းရဲ့အစမှာ
တွေ့ဆုံခြင်းရဲ့နိဂုံးကို
ငါမထင်မှတ်ပဲမြင်လိုက်ရတယ်
ငါတကယ်မသိလို့ပါ
နင်နဲ့ငါဟာ..
ကျောခိုင်းဖို့အတွက်
မျက်နှာချင်းဆိုင် လမ်းလျှောက်ခဲ့တာလား။
အရမ်းမိုက်ပါတယ်
အားပေးနေပါဦးမယ်

commentinfo By: စုနိုင် at Feb 13, 2011
Comment #12

စိတ်ပါဝင်စားခြင်းမရှိတဲ့
ပုံပြင်တစ်အုပ်ကိုဖတ်ရသလိုမျိုး
နိဒါန်း ထက် နိဂုံးကို
ပိုအလိုရှိမယ်ဆိုရင်

commentinfo By: Phoo at Jul 17, 2011
Comment #13

ကော င်းတယ်ဗျာ အသုံးအနှုန်းတွေ အရမ်းလန်းတယ်

commentinfo By: SimpleSimplest at Jul 20, 2011
Comment #14

I like all of poem . 🙂

commentinfo By: megashe at Feb 5, 2013
Comment #15

khan sarr arr pay twar par de

commentinfo By: ei lay at Feb 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment