Professional Authors

ပုံပြင်ကြိုက်သူ

သွေးဆုံးနေတဲ့ပိတ်ကားချပ်ပေါ်

မှန်ကွဲစတွေ ပြန့်ကျဲလို့

သိမ်ငယ်စိတ်တွေ ပြင်းရှလွန်းတဲ့ဒီရပ်ဝန်းကိုမှ

အမုန်းက စုန်းတောက်စားတယ်။

 

မောရကောင်းမှန်းမသိ

မပြီးဆုံးနိုင်တဲ့ပုံပြင်တွေပြော

ဇာတ်ပေါင်းခန်းမှာတောင်

အလွမ်းမင်းသားအဖြစ်

အခန်းဆက်ကြေကွဲနေခဲ့တဲ့ကောင်။

 

စိတ္တဇမျက်ရည်မိုးနဲ့

အတွေးလက်ကျန်တစ်ခွက်ထဲ

အလွမ်းဟာ ချောင်ပိတ်ရိုက်ခံရတဲ့ခွေး

ဒါပေမယ့် . . .

ပြန်ဟန့်ကိုက်မယ့်မာနတွေ

သူမမျက်ဝန်းမှာ

အငွေ့သေသွားခဲ့တာတော့ . . .

ဆန်းကြယ်။            ။

 

အောင်သက်ပိုင်

In: ကဗျာ,Others Posted By: Date: Nov 19, 2012
Comment #1

မိုက်တယ်

commentinfo By: မေပျို at Nov 19, 2012
Comment #2

ပြန်ဟန့်ကိုက်မယ့်မာနတွေ

သူမမျက်ဝန်းမှာ

အငွေ့သေသွားခဲ့တာတော့ . ….

commentinfo By: mayviolet at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment