Professional Authors

စီးကရက် (ဆူးနစ်ရင်)

ငါ့ ကို ဘယ်သူမီးညှိ့လိုက်တာလဲ
ပြောပါ
အဲဒီလို အပူတွေနဲ့
နေသားတကျ
တောက် . . . လောင် . . . ခဲ့။
ပြယ်လွင့်နေတဲ့ အခိုးအငွေ့တွေက
ငါ့ ပယောဂတွေလား
တောက်ခနဲ ကြွေကျသွားတာ
ငါ့ အတိတ်တွေလား
ခုတော့
သွားမြဲလမ်း သွားကြသလိုမျိုး
ဘယ်အချိန်ထိုးခြေခံရမလဲ
ငါ စောင့်နေတယ် ။      ။

ဆူးနစ်ရင်

In: ကဗျာ Posted By: Date: Jul 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment